Beat Air Pollution “သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့”

ဇွန်လ ၅ ရက်အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာအနှံ့ နိုင်ငံများတွင် အခမ်းအနားများ ကျင်းပ လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” (Beat Air Pollution) ဖြစ်သည်။