"Beat Plastic Pollution" ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ကြပါစို့

၂၀၁၈ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျေရာက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အဖြစ် “ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” “Beat Plastic Pollution” ဟု သတ်မှတ် ထားပါသည်။

ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချရန်၊ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်း
တည်တံ့စေမည့် အခြား နည်းလမ်းများကို အချင်းချင်း မျှဝေပြီး အတူတကွ ပူးပေါင်းရှာဖွေ ဖော်ထုတ် ဆောင်ရွက် ကြရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ် တွေ့ရှိမှုများအရ စွန့်ပစ် ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ပလတ်စတစ်များဖြစ်ပြီး ပင်လယ်၊
သမုဒ္ဒရာများ အတွင်းသို့ နှစ်စဉ် ရောက်ရှိသွားသည့် ပလတ်စတစ် ပမာဏသည် အနည်းဆုံး တန်ချိန် ၈ သန်းခန့် ရှိပါသည်။