မြေတိုင်းဦးစီးဌာန

နောက်ခံအခြေအနေ

၁၉၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ မြေတိုင်းလုပ်ငန်းများကို အိန္ဒိယမြေတိုင်းဌာန (SURVEY OF INDIA) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၆ ခု နှစ်၊ နိုဝင်ဘာလ ၁ ရက်မှစ၍ မြန်မာနိုင်ငံမြေတိုင်းဌာန (BURMA SURVEY DEPARTMENT) ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်၌ စတင် ဖွဲ့စည်းပေးခဲ့ပါသည်။ မြန်မာနိုင်ငံ မြေတိုင်းကျောင်းကို ၁၉၁၈ ခုနှစ်တွင် Special Survey အမည်ဖြင့် ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မြေတိုင်းသင်တန်းကျောင်းကို ပြင်ဦးလွင်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် မြေတိုင်းဦးစီးဌာနအား လယ်ယာနှင့်သစ်တောဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားရှိခဲ့ပါသည်။

၁၉၉၂ ခုနှစ်၊ မတ်လတွင် မြေတိုင်းဦးစီးဌာနကို သစ်တောရေးရာ ဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ပြောင်းလဲဖွဲ့စည်းကာ မြေတိုင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် လွှဲပြောင်း ရောက်ရှိခဲ့ပါသည်။