ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ၁၁.၁၁.၂၀၁၈

သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၏ (၂၅)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း၊ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)ရှိ တော်ဝင်ခန်းမ၌ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ မြန်မာ့ သစ်လုပ်ငန်းရှိ သင်တန်းကျောင်းနှင့် ဆင်ဆေးဝါးများအတွက်လည်းကောင်း၊ သစ်တောဦးစီးဌာနရှိ မြန်မာနိုင်ငံသစ်တောကျောင်း(ပြင်ဦးလွင်) ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ သစ်တောထောက်ခံချက်ပြုရေးကော်မတီ တို့အတွက်လည်းကောင်း အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌက (၂၅) ကြိမ်မြောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အမှုဆောင်ဒါရိုက်တာအဖွဲ့ နုတ်ထွက်ခြင်းနှင့် (၂၆)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ (၂၅)ကြိမ်မြောက် အရပ်ရပ် ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးသို့ အစုရှယ်ယာရှင်ဦးရေ စုစုပေါင်း (၂၅၅)ဦးခန့်တက် ရောက်ခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)