ပြည်ထောင်စုဝန်ကြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံသစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်း လုပ်ငန်းများစစ်ဆေးကြည့်ရှု့ခြင်း

နေပြည်တော် နိုင်ဝင်ဘာ ၂၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၂၄.၁၁.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သစ်တော ဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ပုသိမ် - ငွေဆောင် ကား လမ်း၊ မိုင်တိုင်အမှတ်(၁၇/၀) အနီး သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၂၇)အတွင်းရှိ ပုသိမ်မြို့ နယ်၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသစ်တောများပြည်လည်တည်ထောင်ရေးစီမံကိန်း၊  အမြဲတမ်း စခန်းရုံးသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း ဆောင်ရွက်မည့်  လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သစ်တောလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဌာနမှထုတ်ပြန်ထားသည့် Standard Operation Procedures (SOPs) အတိုင်း တိတိ ကျကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် တာဝန်ရှိဝန်ထမ်းများမှ ရာထူး အဆင့်အလိုက် တာဝန်ခံ၊ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခြင်းများ အထူးလိုအပ်ကြောင်း၊ ပင်ပူးခွာ ကိုင်းချိုင်ခြင်း၊ ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းများအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ခံများမှ စနစ်တကျ ကြီးကြပ်ရန်လိုအပ်သလို သစ်တောစိုက်ခင်းများနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များ၊ သုံး သပ်ချက်များကို အစီရင်ခံစာ စနစ်တကျ ရေးသားပြုစု၍ ဦးစီးရုံးချုပ်သို့ တင်ပြရန်လိုအပ်ကြောင်း၊ သို့မှသာ နောင်တစ်ချိန်တွင် သစ်တောလုပ်ငန်းများ အလုပ်လွှဲပြောင်းမှုများအတွက် မှတ်တမ်း မှတ်ရာများဖြင့် စနစ်တကျ ထိန်းသိမ်းထားနိုင်မည် ဖြစ် ကြောင်းဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၂၇) အတွင်း   စိုက်ပျိုးတည် ထောင်ထားသည့် (၁/၂၀၁၈) စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း (၃၅၀)ဧက စိုက်ခင်း အောင်မြင်ရှင်သန်နေမှုများအားလည်းကောင်း၊ ၂၀၁၉ မိုးရာသီတွင် တည်ထောင်မည့် သစ် တောစိုက်ခင်းအတွက် လိုအပ်သောပျိုးပင်များထုတ်လုပ်နိုင်ရန် ပျိုးဥယျာဉ်တည်ဆောက်နေမှုအား လည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ် - ချောင်းသာကားလမ်း၊ မိုင်တိုင်အမှတ် (၂၄/၆)အနီး ချောင်းသာကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)အတွင်း (၁/၁၉၈၃) ပျဉ်းကတိုးစိုက်ခင်း (၂၀၀)ဧကအနက် (၂၅)ဧကအား သစ်စေ့ထုတ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ စစ်ဆေးကြည့်ရှု့ရာတွင် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးစိုက်ခင်းများ တည်ထောင်ရာတွင် မိုးရေချိန်အပါအဝင် ပတ်ဝန်းကျင်ရာသီအခြေအနေများကောင်းမွန်ခြင်း၊ သစ်မျိုးရွေးချယ်မှုမှန်ကန်ခြင်းများအပြင် စိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းစဉ်များ အချိန် ကာလအလိုက် မှန်မှန် ကန်ကန်ဆောင်ရွက်မှသာ သတ်မှတ်ကာလတွင် စီးပွားရေးအရ တွက် ခြေကိုက်သည့် ပင်စည်လုံးပတ် အရွယ်အစားရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် စိုက်ခင်းများ စစ်ဆေးရာတွင် စိုက်ခင်းပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေမှုများ တွေ့ရှိ ပါက ကွင်းဆင်းမှတ်တမ်းများ စနစ်တကျပြုစု၍ စစ်ဆေးတွေ့ရှိချက်များကို အဆင့်ဆင့်တင်ပြ လမ်းညွှန်ချက်ခံယူရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ချောင်းသာဒေသရှိ  ပုဂ္ဂလိကပိုင် ဆင်စခန်းများဖြစ်သည့် ချောင်းသာဆင်စခန်းနှင့် ကျောက်မောင်နှမဆင်စခန်း များ သို့ရောက်ရှိစစ်ဆေးခဲ့သည်။ ကြည့်ရှု့စစ်ဆေးရာတွင် ဆင်စခန်းများမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍  မြန်မာ့သစ်လုပ်ငန်းမှ ဌားရမ်းထားသည့် ဆင်များအတွက် လွှတ်ကျောင်း စားကျက်များရရှိနိုင်မှုနှင့် ဖြည့်စွက်စာများ ကျွေးမွေးမှုအပါအဝင် ကျန်းမာရေးအတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ဆင်ဦးစီးများနှင့် ဆင်နောက်လိုက်များ၏ မိသားစုအတွက် စားဝတ်နေရေးကူညီပံ့ပိုးပေးနိုင်မှုနှင့် ဆင်စခန်းများအတွင်းသို့ ဧည့်သည်များ ဝင်ရောက်အပန်းဖြေလေ့လာမှုများအပေါ် လိုအပ်သည် များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပုသိမ် - ချောင်းသာကား လမ်း၊ မိုင်တိုင် အမှတ် ၃၇/၀ အနီးရှိ မြန်မာနိုင်ငံသစ်တောအသင်းနှင့် Ramsar Center Japan (RCJ) တို့ပူးပေါင်း၍ TOYOTA Environmental Grant ၏ငွေကြေးထောက်ပံ့မှုဖြင့် ၃၁.၁၂.၂၀၁၈ ရက်နေ့အထိ (၁)နှစ်ကြာဆောင်ရွက်လျက်ရှိသော ဒေသခံလူထုအခြေပြု ဒီရေတော ထိန်းသိမ်းရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးနှင့် ထာဝစဉ်တည်တံ့ရေးစီမံကိန်း(Sustainable Life of Forest Conservation and Livelihood Support Through Community BasedActivities at U To Village) အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအား ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူ များမှ စီမံကိန်း ယာယီရှင်းလင်းဆောင်တွင် ဥတိုချောင်းဘေးရှိ ဒီရေတောများ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းကာကွယ်ခြင်း၊ ဒီရေတောများထိန်းသိမ်းရေးစိတ်ပါဝင်စားသည့် ဒေသခံများမှ ဂဏန်းနှင့် ဂုံး အသားတိုး မွေးမြူရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ စီမံကိန်းကာလအတွင်း လုပ်ငန်းလျှာထားချက်များ ပြည့်မီအောင် ဆောင် ရွက်နိုင်ရုံသာမက စီမံကိန်းကာလ ပြည့်ပီးနောက်ပိုင်း တည်ထောင်ထိန်းသိမ်းထားသည့် ဒီရေ တောစိုက်ခင်းများ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေး၊ ဒေသခံပြည်သူများအနေဖြင့် ဂဏန်းနှင့် ဂုံး အသားတိုးမွေးမြူရေးမှ စီးပွားရေး အကျိုးအမြတ်ရရှိမှုတို့ ရေရှည်တည်တံ့နိုင်ရေးအတွက် ဒီရေ တောများအား ဥပဒေ၊ နည်းဥပဒေတို့ ဖြင့်ထိန်းသိမ်းကာကွယ်နိုင်ရေး သစ်တောဦးစီးဌာနနှင့် ဆက် လက်ညှိနှိုင်းဆောင်ရွက်ရန်၊ တည်ထောင်ထားပြီးသည့် ဒီရေတောများထိန်းသိမ်းရေးအပြင် ဒေသခံ ပြည်သူများမှ အကျိုးအမြတ်များ ပြန်လည်ခံစားနိုင်မည့် ဒီရေတောအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် တစ်ရပ်ရေးဆွဲပြီး စီမံကိန်း ဒုတိယအပိုင်းအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲအတွင်း သစ်တောဦးစီးဌာန၊ ပုသိမ်တက္တသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန နှင့် Worldview International Foundation တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီရေတောဧရိယာ (၁၈၀၀)ဧက ထိန်းသိမ်းကာကွယ်ခြင်းနှင့် လိုအပ်သောနေရာများတွင် ကွက်လပ်ဖြည့်စိုက်ပျိုး ခြင်းများ ဆောင်ရွက်နေမှုများအား သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ် ငန်းဆောင်ရွက်ထားရှိမှုများ၊ ရှားပါးဒီရေတော သစ်ပင်မျိုးစိတ်များထိန်းသိမ်းကာကွယ်ထားရှိမှု များအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဒီရေတောအတွင်း အမှတ်တရ သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်းသတင်းရရှိသည်။