သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင် မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ၄င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၆ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် သစ်တောဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ်တို့က ၅ ဘာသာ ဂုဏ်ထူးရှင်(၉)ဦး၊ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ၄ ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေးနှင့် သယံ ဇာတ)နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေးနှင့်မူဝါဒ) တို့က ၃ ဘာသာဂုဏ်ထူးရှင် (၂၄)ဦးတို့အား ပညာရည်ချွန်ဆု နှင့်ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မထက်စံရွှန်းလဲ့မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီး များသည်၂၀၁၆-၂၀၁၇ ၊ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင်(၄၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၁၀၅)ဦး၊ စုစုပေါင်း(၁၉၉)ဦးမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၅၃၆)ဦး အပါအဝင် စုစုပေါင်း(၇၃၅)ဦး အောင်မြင်ပြီး ရိုးရိုးအောင်မြင်သူ(၅၃၆)ဦးအပါအဝင် စုစုပေါင်း(၇၃၅)ဦးအောင်မြင်ခဲ့ကြပါသည်။