ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Exo World Group of Companies Limited မှ ဥက္ကဋ္ဌ နှင့် မလေးရှားနိုင်ငံ LAX Global Resources မှ Executive Chairman တို့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

နေပြည်တော် ၂၅-၇-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် Exo World Group of Companies Limited မှ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် မလေးရှားနိုင်ငံ LAX Global Resources မှ Executive Chairman, Mr. Dato’Seri DiRaja Syed Razlan Jamalullail တို့အား ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ဇီဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သစ်တောများ ပျက်စီးပြုန်းတီးခြင်းမှ ကြိုတင်ကာကွယ်ခြင်း၊ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်းစဉ် များအား စဉ်ဆက်မပြတ် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းနှင့် သဘာဝသစ်တောများမှ စီးပွားရေး ဆိုင်ရာတန်ဖိုးမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများအား မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်ရင်းနှီး မြှုပ်နှံမှုများပြုလုပ်၍ အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်