ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့အားပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တွေ့ဆုံဆွေးနွေး

နေပြည်တော် သြဂုတ် ၃၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဝန်ကြီးဌာန သစ်တောရေး ရာ၊ သတ္တုရေးရာမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့် ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြသည်။

ဆွေးနွေးရာတွင် ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက် သည့် ကိစ္စများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု၊ သစ်တောစိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားစဉ်ကာလအတွင်း ပြည် တွင်း သစ်လိုအပ်ချက် ဖြည့်ဆည်းရန် ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေ အနေများ၊ ရတနာနယ်မြေ လုပ်ကွက် များ ချထားပေးခြင်း၊ ပယ်ဖျက်ပေးခြင်း များ၊ လုံးခင်း၊ ဖားကန့်၊ ခ္တီးဒေသများရှိ လုပ်ကွက်များကိစ္စ၊ ပယ်ဖျက်ပြီးလုပ်ကွက် များစာရင်းကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်ကိစ္စ၊ ဓာတ်သတ္တုတူး ဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်း လုပ်ငန်း များကို ဒေသခံပြည်သူလူထုအား ပွင့် လင်းမြင်သာစွာ ချပြရှင်းလင်းနိုင်ရေး ကိစ္စ၊ အင်းလေးကန် ရေရှည်တည်တံ့ရေး ကိစ္စများ၊ ကျေးရွာထင်းစိုက်ခင်း၊ ကြက်ဆူစိုက်ခင်းများ၏ စိုက်ဧကကိစ္စ များ၊ သတ္တုစမ်းသပ်လုပ်ကွက်၊ တူးဖော် လုပ်ကွက်များတွင် နိုင်ငံတော်မှ အခွန် အကောက်ရရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။