သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားအဆင့် (၃)ပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ ပထမအကြိမ်အစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၇

သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် သဘောတူညီချက် (Forest Law Enforcement, Governance and Trade, Voluntary Partnership Agreement - FLEGT VPA)လုပ်ငန်းစဉ် ဖော်ဆောင်သည့် ကြားဖြတ်လုပ်ငန်းအဖွဲ့ နှုတ်ဆက်ပွဲနှင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကြိုဆိုပွဲအခမ်းအနားနှင့် အမျိုးသား အဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို (၇-၉-၂၀၁၈) ရက်နေ့၊ နံနက် (ဝ၉:၃၀) နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သိရှိခွင့် ရရှိခဲ့ပြီး ဖြေရှင်းရမည့်နည်းလမ်းများကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ FLEGT လုပ်ငန်းစဉ်သည် အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကို အစိုးရကဏ္ဍ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်(၉)ဦးစီ ဖွဲ့စည်းနိုင်ခဲ့ပြီး ITF ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဖြစ်သောကြောင့် FLEGT လုပ်ငန်းစဉ်များကို MSG အဖွဲ့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ပြောကြားခဲ့ပါသည်။

ထို့နောက် အိုင်တီအက်ဖ် အဖွဲ့မှ ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရကဏ္ဍအဖွဲ့ဝင်ကိုယ်စား မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးညီညီထွန်း၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့ဝင်များကိုယ်စား သစ်လုပ်ငန်းရှင်များ ဥက္ကဌ ဒေါက်တာစိန်ဝင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များကိုယ်စား ဦးပေါစွန်းတို့မှ အိုင်တီအက်ဖ် အဖွဲ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး FLEG-VVA လုပ်ငန်းစဉ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီ:ဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီ:ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ FLEGT ကြားဖြတ်လုပ်ငန်းအဖွဲ့ နှင့် အမျိုးသားအဆင့်သုံးပွင့်ဆိုင် ညွန်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ Palladium (Myanmar)မှ ကိုယ်စားလှယ် များနှင့် FLEGT Unit အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။