သတင်းများ

နေပြည်တော်၊ ၅-၉-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကိုရီးယားသမ္မတနိုင်ငံ၊ Jung Ho E & C ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Yang Tae Young နှင့်အဖွဲ့မှ ယနေ့ ၅-၉-၂၀၁၉ ရက်နေ့၊ ၁၀:၀၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော်၊ ၂၇-၈-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Department for International Development (DFID) ၏ Business Innovation Facility(BIF)မှ Team Leader ဖြစ်သူ Mr. Sebastien Moineau နှင့်အဖွဲ့အား ယနေ့ ၂၇-၈-၂၀၁၉ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၄−၈−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ၂၄.၈.၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အနောက် မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကန်တော်ကြီးကြိုးပြင်ကာကွယ်တော (၁၃၁၀)ဧက အတွင်း ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ရာ တာဝန်ရှိသူများမှ ယာယီရှင်းလင်းဆောင်တွင် ရေဝေရေလဲ ဒေသအတွင်း ပရဆေးဥယျာဉ်နှင့် သစ်မျိုးစုံ စိုက်ခင်းတည်ထောင်ရန် ဆောင်ရွက်နေမှုများ၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကာရန်ခြင်းနှင့် မြေအသုံးချမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တော်၊ ၂၀-၈-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမြင့်သူ အား ယနေ့ ၂၀-၈-၂၀၁၉ရက်နေ့၊ (၁၁:၀၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၆.၈.၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် (၁၆.၈.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မင်းဝံတောင်ဘေးမဲ့ ကာကွယ်တောအတွင်း တောင်ဖီလာကျောင်းတိုက်အနီး တောင်စောင်းများတစ်လျှောက် ရေ နှင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ စမ်းသပ် စိုက်ပျိုးထားသည့် ဗာတီဗာမြက် စိုက်ခင်းအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ပျိုး ပြုစုထိန်းသိမ်း ခြင်းအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော် ၊ ၁၄−၈−၂၀၁၉
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

နေပြည်တော်၊ ၁၁−၈−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြဂုတ်လ ၁၀ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ ဖမ်းဆီးရမိ တရားမဝင် သစ်များစုပုံထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို ဖမ်းဆီးရမိအမှု တစ်ခုချင်း အလိုက်စနစ်တကျစုပုံထားရှိရန်၊ ပုံစံ(၈)စာရင်းဝင်သစ်များ ပျက်စီး၊ ပျောက်ဆုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအထူးအလေးထားဆောင်ရွက်ရန်၊ သစ်များအလေအလွင့်မဖြစ်စေရန်နှင့် သစ်များအရည်အသွေးမကျမီ အမြန်ဆုံးထုခွဲရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားသည်။

နေပြည်တော် ၊ ၉−၈−၂၀၁၉
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာ့ကမ်းရိုးတန်း၏ သယံဇာတများရေရှည်တည်တံ့ စေရန်နှင့် ကမ်းရိုးတန်းဒေသတွင် ဖြစ်ပေါ်နေသည့် မြေထု/ ရေထုညစ်ညမ်းမှုများ၊ အငြင်းပွား မှုပြဿနာများ၊ အစိုးရ၊ ဌာနဆိုင်ရာ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံလူထုတို့အကြား ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့်/ ဗဟိုအဆင့်မှ တိုင်းဒေသကြီး

နေပြည်တော် ၈ −၈−၂၀၁၉
သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာတောင်တန်း ဒေသဖွံ့ဖြိုးရေးဗဟိုအဖွဲ့ International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်းကျင်းပသည့် ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာ တောင်တန်းဒေသ ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့စေရေး အဆင့်မြင့်အရာရှိများ မူဝါဒရေးရာ ဆွေးနွေးပွဲ '' The Hindu Kush Himalaya ( HKH ) Assessment Mountains, Climate Change, Sustainable & People '' ကို ( ၈-၈-၂၀၁၉ ) ရက်နေ့၊ နံနက် ( ၀၉ : ၀၀ ) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ၆-၈-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့မှ ဒုတိယမြို့တော်ဝန် Mr. Eiichi NAKAMURA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၆-၈-၂၀၁၉ ရက်နေ့၊ (၀၉:၄၅) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages