ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်၊ ဥယျာဉ်၏ တောအတန်းအစားသည် ကောင်းမွန်ကြောင်း သတ်မှတ်နိုင်

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းရှိ ထရင်ချောင်းဖျား၊ ဂဝိုင်ရွာအရှေ့ဘက်နှင့် တဇွန်ဒမ်း-တဆူထု (La-ongMadin) ​တောင်ကြောတစ်လျှောက် ဧရိယာများတွင် ကင်မရာထောင်ချောက်များတပ်ဆင်ခြင်း၊ ငှက်ပိုက်ထောင်၍ မျိုးစိတ်ခွဲခြင်း၊ ငှက်ကြည့်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်း၊ တိရစ္ဆာန်ခြေရာနှင့်အမှတ်အသားများစာရင်းကောက်ခြင်းစသည့် ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ကင်မရာထောင်ချောက်များ တပ်ဆင်သည့်ဧရိယာများတွင် တောရိုင်းတိရစ္ဆာန်သွားလာမှု ကောင်းမွန်သောလမ်းကြောင်းများ၊ ဝါးညှောင့်ထောင်ချောက်များနှင့် ကြော့ကွင်းများကို တွေ့ရှိရပြီး သားမင်း၊ တောင်ဆိတ်နီ၊ တောင်ဆိတ်၊ ဂျီနက်၊ ဝက်ဝံ၊ ပန်ဒါနီနှင့် ဖျံတို့၏ ခြေရာ၊ မစင်၊ သစ်ပင်ပင်စည်၌ ကုတ်ခြစ်ရာများ အမွှေးအနည်းငယ် စသည်တို့ ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း ပျံ့နှံ့ကျက်စားနေသည့် သားမင်း၊ တောင်ဆိတ်၊ တောဆိတ်၊ ဂျီနက်စသည့် တောရိုင်းတိရစ္ဆာန်များသည် တော၏အတန်းအစားကောင်းမွန်ကြောင်း ညွှန်ပြသည့်တောရိုင်းတိရစ္ဆာန်(Indigator Specises) များဖြစ်ရာ ၄င်းတို့ကို တွေ့ရှိရခြင်းအား ဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ အတန်းအစားသည် ကောင်းမွန်ကြောင်း သတ်မှတ်နိုင်ပြီး ရရှိလာသော အချက်အလက်များ၊ တွေ့ရှိရသော ဓါတ်ပုံမှတ်တမ်းများအရ အမျိုးသားဥယျာဉ်ကို စီမံ အုပ်ချုပ်နိုင်သည့် အုပ်ချုပ်မှုစီမံချက်များကို ရေးဆွဲနိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိပါသညတော

ရင်းမြစ် - သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန။