ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာ တိုရှိအို နီရှိမူရ နှင့်အဖွဲ့ လာရောက် တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၃၀-၄-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာ တိုရှိအို နီရှိမူရနှင့်အဖွဲ့အား ယနေ့ ၃၀-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ဦး ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးစိုးနိုင်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့်ပတ်သက် ၍ စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ Capacity Building Programme အား ပူးပေါင်းဆောင်ရွက်ရေး ၊ တောမီးလောင်ခြင်းနှင့် သစ်တောနယ်မြေများ စောင်ကြပ်ကြည့်ရှုရာတွင် မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြု၍ ကြိုတင်ကာကွယ်နိုင်ရေး၊ လိုအပ်သောဧရိယာများအတွက် မြေပုံရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။