ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H. E. Mr. Antonio J. M. de Souza e Silva အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၂-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဘရာဇီးနိုင်ငံ သံအမတ်ကြီး H. E. Mr. Antonio J. M. de Souza e Silva အား ယနေ့နံနက်(၁၀) နာရီတွင် အဆိုပါ ဝန်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများ၊ သစ်တော ပြန်လည် တည်ထောင်ရေးနှင့် သစ်တောမှကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် ပတ်သက်သည့် ဘရာဇီးနိုင်ငံ အတွေ့အကြုံများအရ နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များ၊ နည်းပညာ၊ ကျွမ်းကျင်မှု အပြန်အလှန်ဖလှယ်နိုင်ရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ (သတင်းစဉ်)