ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

တည်နေရာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြိုနယ်။

အကျယ်အဝန်း

  • ၂၁၃.၄၀ စတုရန်းမိုင်

လမ်းပန်းဆက်သွယ်ရေး

  • ရန်ကုန်-ပြည်-ရွှေစက်တော် (ကားဖြင့် ၃၁၇ မိုင်)၊ 
  • ရန်ကုန်- မကွေး- ရွှေစက်တော် (ကားဖြင့် ၃၆၄ မိုင်)

ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ

  • မြန်မာ့ရွှေသမင်များ၏ သဘာဝအတိုင်း နေထိုင်ကျက်စားမှုအခြေအနေများအား လေ့လာနိုင်ခြင်း၊
  • အင်တိုင်းတောနှင့် သန်းဒဟတ်တောများကို လေ့လာသုတေသနပြုနိုင်ခြင်း၊
  • သားငှက်တိရစ္ဆာန်မျိုးစုံကို လေ့လာနိုင်ခြင်း၊
  • ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာကို ဖူးမျှော်နိုင်ခြင်း၊
  • မြန်မာ့မျိုးရင်းဖြစ်သော ကြယ်လိပ်၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများလေ့လာနိုင်ခြင်းနှင့်
  • တိုင်းရင်းသား ချင်းလူမျိုးများ၏ ဓလေ့ထုံးစံများကို လေ့လာနိုင်ခြင်း။