ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

တည်နေရာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်။

အကျယ်အဝန်း

  • ၆၀.၃၂ စတုရန်းမိုင်

လမ်းပန်းဆက်သွယ်ရေး

  • ရန်ကုန်- ကျိုက်ထီးရိုး (ကားဖြင့် ၁၂၀ မိုင်)

ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ

  • ဘူမိရုပ်သွင်အရ ထူးခြားအံ့သြဖွယ်ဖြစ်သော သဘာဝ ကျောက်တုံးကြီးပေါ်တွင် တည်ရှိနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို ဖူးမြော်နိုင်ခြင်း၊
  • ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားအထိ တောတွင်းလမ်းလျှောက်နိုင်ပြီး ထူးခြားလှပသော သစ်ခွမျိုးများကို သဘာဝအတိုင်း တွေ့မြင်လေ့လာနိုင်ခြင်း၊
  • ငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ရှုခင်းသာများမှ မြေပြန့်ဒေသရှိ ရှုခင်းမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်ခြင်း၊
  • အပန်းဖြေစခန်းများတွင် အေးချမ်းစွာအပန်းဖြေအနားယူနိုင်ခြင်း၊
  • ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ၇ မိုင်ကားလမ်းခရီးအတိုင်း လမ်းလျှောက်၍ လမ်းတစ်လျှောက် သဘာဝရေတံခွန်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊
  • ရသေ့​တောင်ပေါ်တွင် အပန်းဖြေ အနားယူနိုင်ခြင်း၊
  • ရှုခင်းသာများမှ သဘာဝရှုခင်းများကို လေ့လာနိုင်ခြင်း။
ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော