စွမ်းဆောင်ရည် မြှင့်တင်ခြင်း

မြန်မာနိုင်ငံမြေတိုင်းကျောင်း၏ ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ် အရာရှိမြေတိုင်း သင်တန်းအမှတ်စဉ်(၄၉)နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်(၇၃) သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲအား ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် မြန်မာနိုင်ငံ မြေတိုင်းကျောင်းအားကစားကွင်းတွင် စစ်ရေးပြအခမ်းအနားဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအခမ်းအနားကိုပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ ဒုတိယဝန်ကြီးဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။