သတင်းများ

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်−၂၈)တွင် အသုံးပြုရန်လိုအပ်သော ရုံးသုံးစက် ကိရိယာပစ္စည်း(၇)မျိုးအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၂-၃-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျပျိုးဥယျာဉ်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးဝန်းရှိ ပျိုးဥယျာဉ်များအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် သစ်တောသယံဇာတများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောသယံဇာတများနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ တိုင်းဒေ သကြီး/ ပြည်နယ်များအတွင်းရှိ သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ၊ သစ်တောဖုံးလွှမ်း လျက်ရှိသည့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများတွင် အဖိုးတန်သယံဇာတ သစ်တောသစ်ပင်များ တရားမဝင်ခိုးထုတ်ခြင်း မရှိစေရေးအတွက် ထိန်းသိမ်းကာကွယ်ဖမ်းဆီးခြင်းကို သက်ဆိုင်ရာ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူ လူထုများပူးပေါင်းပါဝင်ခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။

(၂၄-၂-၂၀၂၁၊ နေပြည်တော်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့် (၂၄-၂-၂၀၂၁) ၊ (၀၉:၃၀) နာရီတွင်နေပြည်တော်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ၇-၂-၂၀၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် (၇-၂-၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်- တောင်တွင်းကြီးလမ်း၊ ဥတ္တသီရိမြို့နယ်ရှိ သစ်တောသုတေသန စခန်းအမှတ်(၅)၊ မိုးစွေစခန်းသို့ သွားရောက်၍ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ နေပြည်တော်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်‌တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၃:၃၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ရှိ အစည်းအဝေးခန်းမ၌ Virtual Online စနစ် ဖြင့် ကျင်းပသည်။

နေပြည်တော်၊ ၇−၁−၂၀၂၁

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ပထမအကြိမ်) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ သည်မှာ ယခုဆိုလျှင် သက်တမ်း(၈)နှစ်ကျော်ပြီဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်များကို

နေပြည်တော် ၊ ၅−၁−၂၀၂၁
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ငလိုက်စခန်းသာဆင်စခန်း တောတွင်း ဖြတ်လျှောက် လမ်း(သစ်သားတံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

နေပြည်တော်၊ ၁၉.၁၂.၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၉.၁၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကော်စီနယ်မြေ၊ နေပြည် တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၀)အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၈)အတွင်းရှိ ၂၀၂၀ပြည့်နှစ်၊ မိုးရာသီတွင်စိုက်ပျိုးတည်ထောင်ထားသည့် ပုဂ္ဂလိကသစ်မာ မန်ဂျန်ရှားသစ်မျိုး စိုက်ခင်း (၅၀)ဧက စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများအား သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ပြီး စိုက်ခင်း ပြုစုစောင့်ရှောက်ထိန်းသိမ်းရေးအတွက် လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အကြံပေးဆွေးနွေးမှာကြားခဲ့သည်။

နေပြည်တော်၊ ၁၂.၁၂.၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၁၂.၁၂.၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်း၊ အရိုးရောဂါ အထူးကုဆေးရုံကြီးအနီးရှိ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ဌာနပိုင် ဝါးနှင့် သစ်မျိုးစုံ (၃၁၂) ပင် စိုက်ခင်းအားလည်းကောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဝါးမျိုးစုံစိုက်ခင်း (၁၃၈) ပင်နှင့် အရိပ်ရပင် (၂၇၆)ပင် စိုက်ခင်းတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားရေး နှင့် လိုအပ်သည့်နေရာများတွင် အရိပ်ရပင်များ ဖြည့်တင်းစိုက်ပျိုးရေးတို့အတွက် လိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့သည်။

Pages