e-Government

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ e-Government အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်မှုများ

၂၀၀၇ - ၂၀၀၈ ဘဏ္ဍာရေးနှစ်

ရုံးချုပ်များတွင် e-mail နှင့် Internet တို့ကို အသုံးပြု၍ ဌာနအတွင်းအပြင် ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး (ရန်ကုန်) နှင့် ပြည်ထောင်စု ဝန်ကြီးရုံး (နေပြည်တော်) တို့အကြား Video Conferencing အသုံးပြုနိုင်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ် ၂၈) အဆောက်အဦးအတွင်း LAN ချိတ်ဆက်ခဲ့ပြီး File Sharing လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဝန်ကြီးရုံးနှင့် အစိုးရအဖွဲ့ရုံးတို့အကြား လုံခြုံရေးကန့်သတ်ထားသည့် စာများ ပေးပို့ခြင်းကို e-Government စနစ်တစ်ရပ် ဖြစ်သည့် GOS (Government Online System) ဖြင့် အသုံးပြု ဆောင်ရွက်ခဲ့ကြပါသည်။ HRD လုပ်ငန်းများအနေဖြင့် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ICT အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သကဲ့သို့ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် e-Government သင်တန်းများသို့ သင်တန်းသားများ စေလွှတ် တက်ရောက်စေခဲ့ပါသည်။

၂၀၀၈ - ၂၀၀၉ ဘဏ္ဍာရေးနှစ်

Internet Access Point များ တိုးချဲ့ချိတ်ဆက်ခဲ့ပြီး EDMS နှင့် GPMS Application များအား စတင် အသုံးပြုခဲ့ပါသည်။ မြန်မာ့သစ်လုပ်ငန်း Website (www.myanmatimber.com.mm) နှင့် ဝန်ကြီးဌာန Website (Myanmarteak.gov.mm) တို့အား တည်ထောင် လွှင့်တင်နိုင်ခဲ့ပါသည်။

၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်

Internet Access Point များ တိုးချဲ့ချိတ်ဆက်ခြင်းနှင့် EDMS နှင့် GPMS Application အသုံးပြုခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့ပါသည်။ HRD လုပ်ငန်းများ အစဉ်တစ်စိုက် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၀ - ၂၀၁၁ ဘဏ္ဍာရေးနှစ်

Internet Access Point များ တိုးချဲ့ချိတ်ဆက်ခြင်း၊ EDMS နှင့် GPMS Application အသုံးပြုခြင်းနှင့် HRD လုပ်ငန်းများအား အရှိန်အဟုန် မပျက် ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် e-Government လုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအဆောက်အဦ တိုးချဲ့ခြင်းနှင့် ICT HRD လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ e-mail များ အသုံးပြု ဆက်သွယ်ရာတွင် ပိုမို စနစ်ကျ လုံခြုံမှု ရှိစေရန်အတွက် အသစ် ပြောင်းလဲထားသည့် ဝန်ကြီးဌာနအမည်နှင့် သင့်လျော်မည့် Domain Name (moecaf.gov.mm) ဖြင့် ဝန်ကြီးဌာနအတွင်း ညွှန်ကြားရေးမှူးများ အဆင့်အထိအသုံးပြုရန် e-mail account များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လျှောက်ထားရယူခဲ့ကာ ဝန်ကြီးဌာနအတွင်း အရေးကြီးသည့် ရုံးစာများအား ပိုမို လုံခြုံသည့် အစိုးရ e-mail account များဖြင့် အသုံးပြု ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် e-Government လုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကြီးကြပ်မှုကော်မတီ (e-Government Steering Committee) နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအဖွဲ့ (ICT unit) တို့အား ၂၀၁၂ ဒီဇင်ဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာအောက်ရှိ လုပ်ငန်းနှင့် ဦးစီးဌာနများအနေနှင့်လည်း ဌာနအလိုက် လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များ အသီးသီး ဖွဲ့စည်းကာ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ e-Government လုပ်ငန်းများကို ကွန်ပျူတာနှင့် သတင်းအချက် အလက်များ လုံခြုံရေးအတွက် ဦးစားပေး ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် e-Government လုပ်ငန်းကြီးကြပ်မှုကော်မတီ (e-Government Steering Committee) ၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းနှင့် ဦးစီးဌာန အသီးသီး၌ ဖွဲ့စည်းထားသည့် လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များဖြင့် e-Government လုပ်ငန်းများအား အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကွန်ယက်တိုးချဲ့ ချိတ်ဆက်ခြင်းလုပ်ငန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ဖြည့်ဆည်းခြင်းခုပ်ငန်းများနျင့် သတင်းအချက်အလက်နည်းပညာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် သင်တန်းပို့ချခြင်း လုပ်ငန်းများကို အထူး တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံတွင် အသစ် ပါဝင်လာသော ဦးစီးဌာန ၂ ခုအား ထည့်သွင်း ပြင်ဆင်သည့်လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မေလတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ဇွန်လတွင် Electronic Document Management System (EDMS) နှင့် Government Personnel Management System (GPMS) တို့ကို ဌာနများအားလုံး အသုံးပြုနိုင်စေရန် Upgrade ပြုလုပ်နိုင်ခဲ့ပါသည်။

ဝန်ကြီးဌာန Website အား ပြောင်းလဲဖွဲ့စည်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအမည်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် Website အမည် ပြောင်းလဲခြင်း (www.moecaf.gov.mm) နှင့် Upgrade ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှလည်း Website များ (www.fdmoecaf.gov.mm နှင့် www.dryzonegreening.gov.mm) ထပ်မံ လွှင့်တင်၍ ဌာန၏ သတင်းအချက်အလက်များအား အများပြည်သူ သိရှိနိုင်ရန် တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးရုံးတွင် ရုံးတွင်းစာ စီမံခန့်ခွဲမှုစနစ် တစ်ရပ်ကို စတင် အသုံးပြုနိုင်ခဲ့ပြီး သစ်တောဦးစီးဌာနအတွင်း Customised Application ၃ ခု (e-Admin၊ e-Payroll နှင့် Government Financial management System) ကို အသုံးပြုနိုင်ခဲ့ပါသည်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၏ e-Government လုပ်ငန်းများ ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ ဒီဇင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာအဖွဲ့ (ICT unit) အား ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အစိုးရ၏ e-Government System တစ်ခုဖြစ်သော EDMS စနစ်အား အသုံးပြုနိုင်ရန် ဌာနအသီးသီးသို့ လိုအပ်ချက်အလိုက် User Name နှင့် Password များကို သတ်မှတ် ဖြန့်ဝေ၍ ပြည်ထောင်စုဝန်ကြီးရုံး၊ လက်အောက်ခံဌာနများနှင့် အခြား ဝန်ကြီးဌာနများအကြား အစိုးရအဖွဲ့ရုံး ၏ ညွှန်ကြားချက်နှင့်အညီ စာပေးစာယူလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ Website များ (www.ecd.gov.mm နှင့် www.surveydepartment.gov.mm) ကို ထပ်မံ လွှင့်တင်ကာ ဌာနအလိုက် လှုပ်ရှား ဆောင်ရွက်မှုများအား အများပြည်သူသို့ အကျယ်တဝင့် လျက်ရှိပါသည်။ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု တတိယလှိုင်း အကောင် အထည်ဖော်မှုအနေဖြင့် e-Government လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ Infrastreucture များ ထပ်မံ တိုးချဲ့တပ်ဆင်ခြင်းကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား Online ဝန်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန်လည်းကောင်း ကြိုးပမ်းလျက် ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးရုံး၏ ရုံးတွင်းစာများ စီမံခန့်ခွဲမှုစနစ်အား Intranet Web ပေါ်မှ အသုံးပြု ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပြီး Customised Applocation များ အသုံးချနိုင်ရေး ဆောင်ရွက်မှုအနေဖြင့် သစ်တောဦးစီးဌာနတွင် ရုံးသုံး Customised Application ၁ ခု (e-Data)၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် ၁ ခု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွင် ၄ ခု (Integrated Accounting၊ Pay Roll၊ General Ledger နှင့် Government)နှင့် မြန်မာ့သစ်လုပ်ငန်းတွင် Application ၅ ခု (Inventory Control၊ Fixed Asset Register၊ Vehicle and Fuel Management၊ Budget & Expenses၊ Documentation System) တို့ကို ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။