တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကျား ကျက်စားသွားလာမှု မှတ်တမ်းဓါတ်ပုံတွေ့ရှိ

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ တွေ့ရှိရနိုင်မှု၊ ကျက်စား နေထိုင်မှု၊ ပျံ့နှံ့ကျက်စားမှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ကျားမှတ်တမ်းဓါတ်ပုံများ ရရှိခဲ့ပါသည်။

ထိန်းသိမ်းရေးကင်းစခန်းများတွင် တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှ ကျားဟု ယူဆရသည့် မှတ်တမ်း ဓါတ်ပုံများရရှိခဲ့ပါသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းတွင် ကျားရှိသည်ဟု သိရှိရသော်လည်း အထောက်အထား ခိုင်လုံစွာရရှိခြင်းမရှိဘဲ ယခုအကြိမ်တွင်သာ ကျားအား ပထမဆုံးအကြိမ် မှတ်တမ်းတင် ရရှိခြင်းဖြစ်ပါသည်။

ကျားမှတ်တမ်းဓါတ်ပုံရရှိခြင်းနှင့် ပတ်သက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာ နိုင်ငံအစီ အစဉ်)နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျားကျက်စားသွားလာ နိုင်သည့် နယ်မြေများတွင် ကင်မရာထောင်ချောက်များကို ထပ်မံ တပ်ဆင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် (၂)မျိုးကျက်စားနေထိုင်ပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်း တွေ့ရှိရသည့် ကျားမျိုးစိတ်မှာ Indochinese Tiger(Panthera tigris corbetti)ဖြစ်ပါသည်။ Re: FD