ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား German Federal Ministry for Economic Cooperation and Development (BMZ) ၏ ကိုယ်စား The Project Global Partnership on Drug Policies and Development (GPDPD) မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၁-၅-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် German Federal Ministry for Economic Cooperation and Development (BMZ) ၏ကိုယ်စား The Project Global Partnership on Drug Policies and Development (GPDPD) မှကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၂၁-၅-၂၀၁၉ ရက်နေ့၊ (၁၁:၃၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The Project Global Partnership on Drug Policies and Development (GPDPD) အဖွဲ့နှင့် United Nation Office on Drug and Crime (UNODC) ၊ the Thai Mae Fah Lung Foundations (MFLF) ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ Transnational Institute (TNI) နှင့် the International Drug Policy Consortiun (IDPC) တို့ပါဝင်သည့် အဖွဲ့များ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာလုံခြုံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး ထိခိုက်မှုလျော့ချနိုင်ရေး၊ ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဗဟိုပြုမူးယစ်ဆေးဝါးမူဝါဒများအား မြှင့်တင်နိုင်ရေး၊ ဘိန်းအစားထိုး အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။