ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာတောင်တန်းဒေသ၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေရည်တည်တံ့စေရေး အဆင့်မြင့်အရာရှိကြီးများ မူဝါဒရေးရာဆွေးနွေးပွဲသို့ အမှာစကားပြောကြား

နေပြည်တော် ၈ −၈−၂၀၁၉

သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသဖွံ့ဖြိုးရေးဗဟိုအဖွဲ့ International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်းကျင်းပသည့် ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာ တောင်တန်းဒေသ ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့စေရေး အဆင့်မြင့်အရာရှိများမူဝါဒရေးရာဆွေးနွေးပွဲ ''The Hindu Kush Himalaya (HKH) Assessment Mountains, Climate Change, Sustainable & People''ကို (၈-၈-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေး ဗဟိုဌာန (ICIMOD) မှ ညွှန်ကြားရေးမှူးချုပ် Dr David Molden နှင့် ကိုယ်စားလှယ်များ ၊ ဆက်စပ်ဌာနများမှ အရာရှိကြီးများ တက်ရောက်ကြပါသည်။

ယင်းနောက် အဆင့်မြင့်အရာရှိကြီးများ မူဝါဒရေးရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ဆောင်ရွက်ခဲ့ပြီး ICIMOD မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Eklabiya Shama နှင့် တာဝန်ရှိသူများမှ The HKH Call to Action ၆ ခုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်းသိရသည်။