ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား ကမ္ဘာ့ဘဏ် မှ Environment, Natural Resources and Blue Economy ဆိုင်ရာ မန်နေဂျာ Mr. Christophe Crepin နှင့် အဖွဲ့လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၉-၁၀-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာ မန်နေဂျာဖြစ်သူ Mr. Christophe Crepin နှင့် အဖွဲ့ဝင်(၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၉-၁၀-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ​​​ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘာဘဏ်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံ အဆင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းနှင့် သစ်တောကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းအတွက် ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးမည့်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရန် အစီအစဉ်များ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ပိုမိုခိုင်မာအားကောင်းစေရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ စီမံအုပ်ချုပ်ခြင်းနှင့် သစ်အခြေခံစက်မှုလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊  သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှုအခြေအနေနှင့် ပလတ်စတစ်အမှိုက်ဆိုင်ရာလေ့လာမှုအား မြို့ကြီး ၅ မြို့တွင် ဆောင်ရွက်မည့်အခြေအနေများ၊ ပလတ်စတစ်အမှိုက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ဌာနအလိုက်ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။