အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း ( ၂/၂၀၁၉-၂၀၂၀)

၁။ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်အတွက် စိတ်ဝင် စားသည့် ပြည်တွင်းလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ရာ အဆိုပြုတင်သွင်း နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စဉ် လုပ်ငန်း/ ပစ္စည်းအမျိုးအမည် (အရေအတွက်)
(၁) ဘော်လီဘောကွင်း (၆၀'× ၃၀') ပြုလုပ်ခြင်း (၁)ခု
ဘတ်စကက်ဘောကွင်း (၁၀၀'× ၅၀') ပြုလုပ်ခြင်း (၁)ခု
(၂) စာကြည့်တိုက်အဟောင်းအကြီးစားပြင်ဆင်ခြင်း (၁)လုံး
(၁၃၆' ×၄၁' ×၁၅' )(ထုတ်၊ ယောက်၊ ဒိုင်း၊ မျှား စတီးဖရိန် ၊
4 Angle သွပ်မိုး လဲခြင်း၊ မျက်နှာကျက်လဲခြင်း)

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို (၁၆-၁၀-၂၀၁၉)ရက်နေ့မှစ၍ ရုံးချိန်အတွင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် စတင်ရောင်းချ သွားမည်ဖြစ်ပြီး (၁၅-၁၁-၂၀၁၉)ရက်နေ့ ညနေ ၄:၀၀ နာရီ နောက်ဆုံးထား၍ လာရောက်တင်သွင်းရမည် ဖြစ်ပါ သည်။ သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်သောအဆိုပြုလွှာများကို ထည့်သွင်းစဉ်းစား မည် မဟုတ်ပါ။
၃။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အသေးစိပ်အချက်အလက်များကို သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဖုန်း(၀၆၇-၃၄၁၆၆၈၁)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း