သတင်းများ

နေပြည်တော်၊ ၁၂−၁−၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည် လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့် ပျိုးဥယျာဉ် နှင့် စိမ်းလန်း စိုပြည်ရေး စိုက်ခင်းများကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၁−၁−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တာဝန်ခံများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းနှင့် ပလင်းကမ်းသာယာဆင်စခန်း တို့အားကြည့်ရှု စစ်ဆေးသည်။

နေပြည်တော်၊ ၂၃−၁၂−၂၀၁၉
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

နေပြည်တော်၊ ၂၄-၁၂-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ အား PURDUE University၊ University Research and Innovation မှ Director ဖြစ်သူ Dr. Shannon Bischoff နှင့် အဖွဲ့အား ယနေ့ ၂၄-၁၂-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၁−၁၂−၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၁.၁၂.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၂၀)အတွင်း နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၁/၂)အနီး ၂၀၂၀ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရန် မြေနေရာရွေးချယ်ထားမှုအား ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ စိုက်ခင်းမြေနေရာ ပြုပြင်ခြင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် ဗာတီဗာမြက်များ စိုက်ပျိုးခြင်း၊ နုန်းတားဆည်များ၊ ရေထိန်းတမံငယ်များ တည်ဆောက်ခြင်းတို့ နှင့်စပ်လျဉ်း၍ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်၊ ၁၇-၁၂-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် United Nations Human Settlements Programme (UN-Habitat)၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ Mr. Atsushi Koresawa နှင့်အဖွဲ့အား ယနေ့ ၁၇-၁၂-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၃−၁၂−၂၀၁၉
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် (၇)ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ခဲ့ ပါသည်။

နေပြည်တော်၊ ၁၂-၁၂-၂၀၁၉
မြန်မာ−သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် သီးနှံ-သစ်တောရောနှောစိုက်ပျိုးခြင်းကို အထောက်အကူဖြစ်စေရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. E. M.M. Nandimithra Ekanayake ထံသို့ ကျွန်းမျိုးစေ့ (၁၅၀၀၀) စေ့အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ၁၂-၁၂-၂၀၁၉ ရက် နေ့၊ (၁၅:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

စပိန်နိုင်ငံ ၊မက်ဒရစ် (၆.၁၂.၂၀၁၉၊)
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် မက်ဒရစ်မြို့၊ Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Hall (9)၊ Room(12) တွင်ကျင်းပပြုလုပ်သည့် ကွန်းဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင် ရွက်မည့်လုပ်ငန်းအစီအစဉ် Informal Round Table on National Determined Contributions (NDC) အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်၊ ၅.၁၂.၂၀၁၉
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် Feria de Madrid (IFEMA) (အိုင်ဖီးမား) North Convention Centre တွင်ကျင်းပပြုလုပ်သည့် High Level Meeting on Forests အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

Pages