သတင်းများ

နေပြည်တော်၊ ၂၅−၅−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၈)ကြိမ်မြောက်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက် ခဲ့သည်။

နေပြည်တော် မေ ၂၁
ပုဂ္ဂလိသစ်တောစိုက်ခင်း တည်ထောင်ခွင့်ကို ၂၀၀၆ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ စုစုပေါင်းဧက ခြောက်သိန်းခုနစ်သောင်းကျော် (၆၇၀,၆၉၂ဧက) ကို ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေ ရရှိရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

နေပြည်တော် မေ ၂၁
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကို ၂၁-၅-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်၊ ၁၅-၅-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (United Nations Development Programme - UNDP) ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor နှင့်အဖွဲ့အား ယနေ့ ၁၅-၅-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

နေပြည်တော် ၊ ၁၃-၅-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် UN-Habitat မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmarcharya အား ယနေ့ ၁၃-၅-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တက်ရောက်သည်။

မကွေး မေ ၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မကွေးတိုင်းဒေသကြီး မကွေး မြို့သို့ ရောက်ရှိ ကြသည်။

နေပြည်တော်၊ ၈-၅-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Tim Enderlin အား ယနေ့ ၈-၅-၂၀၁၉ရက်နေ့၊ (၁၀:၄၅) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၅−၅−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၅.၅.၂၀၁၉) နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် အတွင်းရှိ ရွှေဝတ်မှုံကုမ္ပဏီ၏ သစ်ပါးလွှာထုတ်လုပ်သည့်စက်ရုံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူ များမှ စက်ရုံအတွင်း သစ်လုံးကုန်ကြမ်းမှ သစ်ပါးလွှာထုတ်လုပ်နေမှု၊ သစ်ပါးလွှာအတန်းအစား ခွဲခြားမှု၊ ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးမှုလုပ်ငန်းအဆင့်ဆင့်အား စက်ရုံအတွင်းလိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

နေပြည်တော် ၁၈−၄−၂၀၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး ချစ်ကြည်ရေးခရီး သွားရောက်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။

နေပြည်တော်၊ ၂၂−၄−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများအား ယနေ့ ၂၂-၄-၂၀၁၉ ရက်နေ့ (၁ဝး၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

Pages