သတင်းများ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations - FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Xiaojie Fan ခေါင်းဆောင်သောအဖွဲ့အား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ဧည့်ခန်းမ၌ ၂၀-၉-၂၀၁၇ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၆:၃၀) နာရီ တွင် လက်ခံ တွေ့ဆုံဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာ ၁၆ နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်-တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်း ၊ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် ၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ်(၇၂) တွင် တည်ထောင်ထားရှိသည့် ကျွန်းမျိုးသန့်ဥယျာဉ် ၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၂၄)ရှိ ကျွန်းမျိုးပွားနည်း နှိုင်းယှဉ်လေ့လာစမ်းသပ်ကွက်များအားကြည့်ရှုစစ်ဆေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း သည် သြစတြီးယားနိုင်ငံအခြေစိုက် VIER PFOTEN/FOUR PAWS International ၏ ဥက္ကဌ Mr. Helmut Dungler နှင့်အဖွဲ့အား စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံ သည်။

၁။ မြေတိုင်းဦးစီးဌာနတွင် အသုံးပြုရန်အတွက် အောက်ပါစက်ပစ္စည်းကိရိယာများအား ဌာန အရောက်တန်ဖိုး (D.D.P) (နေပြည်တော်)၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည်  သြဂုတ်လ ၁၁ ရက်နေ့တွင် မကွေးတိုင်း​ဒေသကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊  လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း စိုက်ပျိုးထားရှိသည့် တရုတ်-မြန်မာချစ်ကြည်ရေး ဇီဝစံပြသစ်တောစီမံကိန်းသို့ ရောက်ရှိပြီး၊ စိုက်ခင်း တည်ထောင် စိုက်ပျိုးဆောင်ရွက်ပြီးစီးမှု၊ သစ်မျိုးအလိုက် စိုက်ပင်များ ပြုစုထိန်းသိမ်း ဆောင်ရွက်မှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်၊ အဆိုပါစိုက်ခင်းအား တရုတ်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်၊ မိုးရာသီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စိုက်ပျိုးကုန်ကျစရိတ်ကျခံ၍ သစ်တောဦးစီးဌာနက တာဝန်ယူ စိုက်ပျိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် UNDP မှ UNDP Administrator ဖြစ်သူ Mr. Achim Steiner နှင့်အဖွဲ့ ယနေ့ ၈-၈-၂၀၁၇ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးရိုးမဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများပြုစုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝတောထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများအားဇူလိုင် ၂၉ ရက်နေ့တွင်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲအစည်း တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။

Pages