သတင်းများ

နေပြည်တော်၊ ၆-၆-၂၀၁၉
သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) မှ Country Director ဖြစ်သူ Dr. Christy Williams နှင့် အဖွဲ့က ယနေ့ ၆-၆-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော် ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုဆွေးနွေးပွဲသည် လေထုညစ်ညမ်းမှုကြောင့် လက်ရှိကြုံတွေ့ နေရသည့် အသက်ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေးဆုံးရှုံးမှုများ အပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးတို့အတွက် အားလုံးပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။

နေပြည်တော် ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

နေပြည်တော်၊ ၂၀၁၉ခုနှစ် မေလ ၃၁ ရက်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Food and Agriculture Organization of the United Nations (FAO)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မီးကာကွယ်ခြင်းဆိုင်ရာ ဘက်စုံအမျိုးသားမဟာဗျူဟာလုပ်ငန်း အစီအစဉ်ရေးဆွဲရေးစီမံကိန်း (Integrated National Strategic Action Plan on Fire Management in Myanmar)၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

နေပြည်တော် ဇွန် ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန် ၁ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ပင ဆားစီမံကိန်းရှင်းလင်းဆောင် တွင် မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော် ဇွန် ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၁-၅-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် German Federal Ministry for Economic Cooperation and Development (BMZ) ၏ ကိုယ်စား The Project Global Partnership on Drug Policies and Development (GPDPD) မှကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၂၁-၅-၂၀၁၉ ရက်နေ့၊ (၁၁:၃၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၅−၅−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၈)ကြိမ်မြောက်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက် ခဲ့သည်။

နေပြည်တော် မေ ၂၁
ပုဂ္ဂလိသစ်တောစိုက်ခင်း တည်ထောင်ခွင့်ကို ၂၀၀၆ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ စုစုပေါင်းဧက ခြောက်သိန်းခုနစ်သောင်းကျော် (၆၇၀,၆၉၂ဧက) ကို ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေ ရရှိရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

နေပြည်တော် မေ ၂၁
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကို ၂၁-၅-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages