သတင်းများ

နေပြည်တော်၊ ၁၅-၅-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (United Nations Development Programme - UNDP) ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor နှင့်အဖွဲ့အား ယနေ့ ၁၅-၅-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

နေပြည်တော် ၊ ၁၃-၅-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် UN-Habitat မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmarcharya အား ယနေ့ ၁၃-၅-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တက်ရောက်သည်။

မကွေး မေ ၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မကွေးတိုင်းဒေသကြီး မကွေး မြို့သို့ ရောက်ရှိ ကြသည်။

နေပြည်တော်၊ ၈-၅-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Tim Enderlin အား ယနေ့ ၈-၅-၂၀၁၉ရက်နေ့၊ (၁၀:၄၅) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၅−၅−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၅.၅.၂၀၁၉) နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် အတွင်းရှိ ရွှေဝတ်မှုံကုမ္ပဏီ၏ သစ်ပါးလွှာထုတ်လုပ်သည့်စက်ရုံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူ များမှ စက်ရုံအတွင်း သစ်လုံးကုန်ကြမ်းမှ သစ်ပါးလွှာထုတ်လုပ်နေမှု၊ သစ်ပါးလွှာအတန်းအစား ခွဲခြားမှု၊ ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးမှုလုပ်ငန်းအဆင့်ဆင့်အား စက်ရုံအတွင်းလိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

နေပြည်တော် ၁၈−၄−၂၀၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး ချစ်ကြည်ရေးခရီး သွားရောက်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။

နေပြည်တော်၊ ၂၂−၄−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများအား ယနေ့ ၂၂-၄-၂၀၁၉ ရက်နေ့ (၁ဝး၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

နေပြည်တော်၊ ၃၀-၄-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာ တိုရှိအို နီရှိမူရ နှင့်အဖွဲ့အား ယနေ့ ၃၀-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၉-၄-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ ၂၉-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၈−၄−၂၀၁၉

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၂၇ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သစ်တောဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါ လျက် ပျိုးဥယျာဉ်များ၊ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

Pages