အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောထိန်းသိမ်းပြုစုခြင်း၊ သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ် ခြင်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံတကာအသင်းအဖွဲ့များနှင့်  ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ၁၉၈၈ ခု နှစ်မှ ယနေ့အထိပူးပေါင်းဆက်စပ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    အပြည်ပြည်ဆိုင်ရာ ရုက္ခဗေဒဥယျာဉ်များ ထိန်းသိမ်းပြုစုရေးအဖွဲ့ (Botanical Gardens Conservation International - BGCI)

( ခ )   မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းပင်များ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Flora & Fauna - CITES)

( ဂ )   ကမ္ဘာ့ကျားထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (Global Tiger Forum - GTF)

(ဃ)    အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (International Centre for Integrated Mountain Development - ICIMOD)

( င )   အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်လုပ်ငန်းအဖွဲ့ (International Network for Bamboo and Rattan - INBAR)

( စ )   အပြည်ပြည်ဆိုင်ရာ ဓာတ်ပုံပညာနှင့် အဝေးမှစူးစမ်းလေ့လာခြင်းဆိုင်ရာအသင်း (International Society for Photogrammety and Remote Sensing - ISPRS)

(ဆ)    အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့် ပတ်သက်သည့် အဖွဲ့အစည်း (International Tropical Timber Organization - ITTO)

( ဇ )   ဒေသခံဆိုင်ရာအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများလေ့ကျင့်ပညာပေးရေးသင်တန်း ဗဟိုဌာန (Regional Community Forestry Training Center - RECOFTC)

( ဈ )   ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (United Nations Convention on Biological Diversity - UNCBD)

(ည)    ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification - UNCCD)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများမှာ -

(က)   နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲမဟာဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှု စီမံချက် ရေးဆွဲရေးလုပ်ငန်းစီမံကိန်း (National Biodiversity Strategy and Action Plan - NBSAP)

- အထောက်အပံ့ - UNEP ၊  Global Environmental Facility - GEF

- ကာလ - ၂၀၀၉ ခုနှစ်၊ ဧပြီလမှ ၂၀၁၂ ခုနှစ်၊ ဇွန်လ

( ခ )  ဇီဝသယံဇာတ အရင်းအမြစ်နှင့် သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းရေး လုပ်ငန်းစီမံကိန်း

- အထောက်အပံ့ - National Institute of Biological Resources - NIBR

- ကာလ - ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ

( ဂ )  အပင်များထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ဝန်ထမ်းများအား သင်တန်းပေးခြင်း နှင့် ဒေသခံ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အပင်သယံဇာတ များ ရေရှည် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစီမံကိန်းအပိုင်း(၂)

- အထောက်အပံ့ - JICA၊ Makino Botanical Garden - MBK

- ကာလ - ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ

(ဃ)   တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်း

- အထောက်အပံ့ - Moattama Gas Transportation Company Ltd., Tanintayi Pipe Line Company

- ကာလ - ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၃ ခုနှစ်၊ မတ်လ

( င )  မြန်မာနိုင်ငံ၊ ပဲခူးရိုးမဒေသရှိ တောပျက်များနှင့် ဂေဟစနစ်အား ပြန်လည်ပြုစု ထိန်းသိမ်းခြင်းနှင့် REDD-Plus လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များအား လျော့ကျစေခြင်းလုပ်ငန်းစီမံကိန်း

- အထောက်အပံ့ - Korea Forest Service  - KFS

- ကာလ - ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ

( စ )  ကမ္ဘားနီဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်‌ထောင်ခြင်းလုပ်ငန်း လုပ်ငန်းစီမံကိန်း(Project on Kabani Community Forest)

- အထောက်အပံ့ - JIFPRO

- ကာလ - ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လ

(ဆ)   အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စီမံကိန်း (Project on Inle lake Conservation and Rehabilitation)

- အထောက်အပံ့ - UNDP ၊ နော်ဝေအစိုးရ

- ကာလ - ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်

( ဇ )  ဒေသခံပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတော ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းနှင့် ပြန်လည်စိုက်ပျိုးပြုစုခြင်း လုပ်ငန်း စီမံကိန်း (Project on Integrated Mangrove Rehabilitation and Management Project through Community Participation in the Ayeyarwady Delta)

- အထောက်အပံ့ - JICA

- ကာလ - ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်

(ဈ)    မြန်မာနိုင်ငံအတွင်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံကိန်း

- အထောက်အပံ့ - Wildlife Conservation Society  - WCS

- ကာလ - ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ

(ည)   မြန်မာနိုင်ငံရှိ မြင့်မားသော တောင်တန်း‌ဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံကိန်း

- အထောက်အပံ့ - ဂျာမနီနိုင်ငံ၊ Marburg တက္ကသိုလ်၊

- ကာလ - ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ

( ဋ )  မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးစီမံကိန်း (၃) (Project on Greening of the Dry Zone of Central Myanmar III)

- အထောက်အပံ့ - KOICA

- ကာလ - ၂၀၀၉ ခုနှစ်၊ ဧပြီလမှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ

( ဌ )  ရေရှည်တည်တံ့သော မြေစီမံအုပ်ချုပ်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစီမံကိန်း (Project on Sustainable Land Management and Climate Change)

- အထောက်အပံ့ - UNCCD ၊  Global Mechanism - GM

- ကာလ - ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလ