ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့ ပါရီသဘောတူညီချက် ဖော်ဆောင်စို့

တင်လင်းအောင် နိုဝင်ဘာ ၇

ကမ္ဘာ့ရာသီဥတုဟာ လွန်ခဲ့သော နှစ်နှစ် ပညာရှင်တွေ ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ ဆိုးရွားတဲ့အခြေအနေ ရောက်ရှိနေပါပြီ၊ ကမ္ဘာ့ရာသီဥတု ပြဿနာကို ဖြေရှင်းဖို့ ရည်မှန်းချက် ကြီးမားတဲ့ နိုင်ငံတကာ ခြေလှမ်းတွေ ဟာလည်း လုံလောက်မယ်

 မထင်တော့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံအများစုဟာ ဖန်လုံ အိမ်သဘာဝ ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ ယင်းကဲ့သို့သော ပြဿနာတွေကို ဖြေရှင်းဖို့ ပါရီ သဘောတူညီချက်ကို အကောင်အထည်ဖော် ခဲ့ကြပါတယ်။

ထို့အတူပဲ ကမ္ဘာ့အပူချိန်ပြောင်းလဲမှုကို ၂ ဒီဂရီဆယ်လ်စီးယပ်စ်အထိ မမြင့်တက်စေဖို့ ကြိုးစားပမ်း စားလုပ်ဆောင်ခဲ့ ကြပါတယ်။

သို့သော်လည်း သိပ္ပံပညာရှင်များက အဲ့ဒီလို စံသတ်မှတ်ချက်ဟာ အလွန်ကိုပဲ မြင့်လွန်းနေတယ်လို့ အခုတလော ပြောနေကြပါတယ်။ တကယ်တော့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ကာကွယ်ဖို့ အတွက် ၁ ဒသမ ၅ လောက်ပဲ ရှိသင့်တယ်လို့ သူတို့က ပြောပါတယ်။

ပါရီ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံများစွာမှ ကိုယ်စားလှယ်တော်ကြီးများဟာ ရာသီဥတုပြောင်းလဲရေးကဏ္ဍမှာ ကမ္ဘာကြီး ဘယ်အခြေအနေ အထိ ရောက်ပြီလဲဆိုတာ အမှန်ကိုသိရှိနိုင်ဖို့ အရေးနဲ့ နိုင်ငံတစ်ခုချင်းစီဟာ ဘယ်လောက်အတိုင်း အတာအထိ လျှော့ချခဲ့သလဲဆိုတာသိဖို့ ယခုရက်သတ္တပတ်မှာ ဘွန်းမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်နယ်ထရန့်ဟာ ပါရီသဘောတူညီချက်မှ ထွက်ခွာဖို့အရေး ဆောင်ရွက်ခဲ့တယ် ဆိုသော်လည်း အဲ့ဒီဆွေးနွေးပွဲကို အစိုးရရဲ့ သံတမန်တစ်ဦးကို စေလွှတ်ခဲ့ပါတယ်။

ထို့အတူ ဖန်လုံအိမ် သဘာဝဓါတ်ငွေ့ လျှော့ချဖို့ ပြည်နယ်ခွဲလေးတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို စည်းရုံးရာတွင် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မြို့တော်ဝန် ဂျယ်ရီဘရောင်းလဲ တက်ရောက်ခဲ့ ပါတယ်။

အမေရိကန်အစိုးရရဲ့ မူဝါဒဟာ နောက်ပြန်ဆုတ်ဖို့ ဖြစ်ပေမယ့်လည်း ထရန့်ဟာ ရုပ်ကြွင်းလောင်စာ တွေကို ပိုမိုလောင်ကျွမ်းစေချင်တဲ့ သဘောရှိလား မရှိလားမသိပါ။ သို့သော်လည်း ပြည်နယ်အစိုးရ တွေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးဟာ ပါရီသဘောတူညီချက် အတိုင်း ကမ္ဘာကြီးကို ကုစားဖို့ ရှေ့ဆက်သွားနေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေကို စားပွဲဝိုင်းမှာ အစီအစဉ်တွေ ဆွဲနေရုံနဲ့ အလုပ်မဖြစ် ပါဘူး။ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ Emissions Gap လို့ခေါ်တဲ့ အစီရင်ခံစာမှာ တွေ့ရှိခဲ့တဲ့ အကြောင်းအရာကတော့ လိုအပ်နေတဲ့ ဖန်လုံအိမ်သဘာဝ ဓါတ်ငွေ့ လျှော့ချဖို့ ကွာဟချက်တွေနဲ့ ပါရီသဘောတူညီချက်မှာ ကတိကဝတ်ပြုခဲ့တဲ့ နိုင်ငံတွေရဲ့ လိုအပ်ချက်တွေဟာ မြင့်တက်လို့လာခဲ့ပါတယ်။

ဒါ့ကြောင့် ဖန်လုံအိမ်သဘာဝ ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာလည်း သစ်ပင်စိုက်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ရာမှာ ပါဝင်လုပ် ဆောင်ရမှာဖြစ်ပါတယ်။

ထို့ပြင် ကာဗွန်သိုလှောင်နည်းပညာများ ဖွံ့ဖြိုးရေး၊ ပိုမိုသင့်တော်တဲ့ လယ်ယာစိုက်ပျိုးရေးတွေ လုပ်ဖို့အရေး၊ စိမ့်မြေစီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများ ချမှတ်ဖို့အရေးစတဲ့ ကိစ္စရပ်တွေလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ နောက်ဆုံးတွေ့ရှိချက်ကတော့ ဘွန်းညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတွေဟာ ဖန်လုံအိမ်သဘာဝ ဓါတ်ငွေ့လျှော့ချဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးစားမှုတွေ လုပ်နေပြီဆိုင်တာပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာကြီးဟာ ဖန်လုံအိမ်သဘာဝ ဓါတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိတဲ့ အနေအထားကို ရောက်ရှိလာအောင် ဆောင်ရွက်နိုင်တော့မယ် ဆိုတာပဲဖြစ်ပါတယ်။ အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မလုပ်ဆောင်ခဲ့ဘူး ဆိုရင်တော့ အဲ့ဒါကို ကွန်ဂရက်က လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးက ဘာပြောခဲ့လဲဆိုရင် လွန်ခဲ့တဲ့နှစ်က ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေဟာ မှတ်တမ်းတင်ရလောက်တဲ့အထိ များပြားလာခဲ့တဲ့လို့ ဆိုပါတယ်။

အဆိုပါ ပမာဏဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း သုံးသန်းလောက်ထက် ပိုမိုများပြားတယ်လို့ ဆိုထား ပါတယ်။ အဲ့ဒီ့အချိန်တုံးက ပျမ်းမျှလေထု အပူချိန်ဟာ ယနေ့ထက် ၃ ဒီဂရီ ဆယ်လ်စီးယက်စ် ထက်ပိုနွေးပါတယ်။

ပြီးတော့လည်း ဂရင်းလန်းဒ်နဲ့ အန္တာတိတ်ဒေသတွေမှာ ရှိတဲ့ ရေခဲမြစ်တွေ အရည်ပျော်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်ဟာ ပေ ၃၀ လောက်အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ကို တိုင်းတာတဲ့အခါမှာ လက်မနဲ့မဟုတ်ဘဲ ပေနဲ့တိုင်းတာမှုတွေ လုပ်ဆောင်လာကြပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့ဒေသတွေမှာ ရေကြီးမှု၊ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုနဲ့ လူသန်းပေါင်းများစွာ ရွေ့ပြောင်းမှုတွေ လုပ်ခဲ့ ကြပါတယ်။

ထို့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မုန်တိုင်းဖြစ်မှုတွေ ပိုမိုများပြား လာခြင်း၊ ရေကြီးမှု မကြာခဏ ဖြစ်လာခြင်း၊ ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်လာခြင်းကို ရင်ဆိုင်ကြရပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရ ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းမှုနည်း သော်လည်း လွန်ခဲ့တဲ့နှစ်က သဘာဝဘေးဒုက္ခတွေ ပိုမိုခံစားခဲ့ကြရပါတယ်။ တစ်ချို့သိပ္ပံပညာရှင် တွေက feedback loop ဖြစ်စဉ်ဖြစ်လာမှာကို စိုးရွံ့လာကြပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ လေထုအတွင်းရှိ အပူချိန်ကို ပြောင်းလဲစေပြီး ရာသီဥတုကို ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ ယခင်ဖြစ်ခဲ့တဲ့ သမိုင်းဝင် ရာသီဥတုပြောင်းလဲမှုတွေဟာ အောက်မြေလွှာ အမြဲအေးခဲနေသော ဟင်းလင်းပြင် တန်ဒြာကို အကျိုးသက်ရောက်မှု ဘယ်လိုမှ မဖြစ်စေနိုင်ပါဘူး။

သို့သော်လည်း ကမ္ဘာ့အပူပိုင်းဒေသမှာတော့ မိုးရွာမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ အဲ့ဒီလို ဖြစ်စဉ် တွေဟာ မီသိန်းဓါတ်ငွေ့တွေ ပိုမိုထုတ်လွှတ်ပေးပါတယ်။ ကမ္ဘာ့လူသားတွေကြောင့်လည်း ရာသီဥတုဆိုင်ရာ ဖောက်ပြန်မှုတွေဖြစ်ပွားပါတယ်။ လူဦးရေ ၇ ဒသမ ၄ ဘီလီယံလောက်ရှိတဲ့ ကမ္ဘာ့လူဦးရေဟာ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်ကို ကစဉ်ကလျားဖြစ်စေ ပါတယ်။ တရုတ်နိုင်ငံပြီးလျှင် အမေရိကန်နိုင်ငံဟာ အဓိက မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ အမေရိကန်အများစုက စဉ်းစားနေကြပါတယ်။ ရာသီဥတု ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ကာလတွေမှာ အရေးပါတဲ့ ကိစ္စ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို အမေရိကန်သမ္မတ ထရန့်က ဦးမဆောင်ရင် ကွန်ဂရက် ကမရမက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ပြောင်းလဲနေပါတယ်။ လူသားတွေအနေနဲ့လည်း ရာသီဥတုဖောက်ပြန်မယ့် ကောင်းကျိုးမဖြစ်စေတဲ့ ကိစ္စတွေကို မပြုလုပ်ဘဲ ရှောင်ရှားသင့်ပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းမှသည် မုန်တိုင်းမှအဆုံး အဖန်ဖန်အလီလီ မိုးခေါင်ရေရှားခြင်းတွေ မဖြစ်အောင် လူသားတွေအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပါရီညီလာခံကိုလည်း ကြိုဆို ထောက်ခံရမှာ ဖြစ်ပါတယ်။

မကြာသေးမီကမှ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ညီလာခံမှာ ပြန်လည်ပါဝင်လာဖို့အရေး မျှော်လင့်ကြောင်း ပြောဆိုတာကို ကြားသိရပါတယ်။ ဒီအချက်ဟာ ကောင်းမွန်တဲ့ အချက်တစ်ချက် လည်းဖြစ်ပါတယ်။

အဲ့ဒီလို အမေရိကန် ပြန်လည်ပါဝင်လာခြင်းအားဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကို အကောင်းဆုံး ထိန်းချုပ် ကာကွယ်နိုင်မည်ဖြစ်ပါတယ်။ နိဂုံးချုပ်ပြောရမယ်ဆိုရင် ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ လူသားတွေပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မအောင်မြင်တဲ့ ကိစ္စမရှိကြောင်း ရေးသားလိုက်ရပါတယ်။

၇-၁၁-၂၀၁၇ (မြန်မာ့အလင်းသတင်းစဉ်)