ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာအားလက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြစတြီးယားနိုင်ငံ အခြေစိုက် ဖိုးပွန်းအင်တာနေရှင်နယ် ဥက္ကဌ မစ္စတာ ဟဲလ်မတ်ထန်ကလာနှင့် မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာ ဖိုးဝင်းတို့ကို ၂၇-၉-၂၀၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်တောင်စုဝန်ကြီးရုံး၊ ၀န်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ပါသည်။

တွေ့ဆုံစဉ် ကျောက်တံခါးမြို့နယ် ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်း ဆောင်ရွက်မည့် Elephant Lake ဆင်စခန်းအတွက် နှစ်အလိုက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ ရန်ကုန်မြို့ ဆင်ဖြူတော်ဥယျာဉ်အား နိုင်ငံတကာအဆင့်မီ ဆင်ထိန်းသိမ်း ရေးစခန်းအဖြစ် အဆင့်မြင့်တင်ရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ပြုပြင်ထိန်းသိမ်းမည့် အစီအမံများ နှစ်နိုင်ငံအကြား တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့တက်ရောက်ခဲ့ကြပါသည်။