အီတလီသံအမတ်ကြီးနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း လက်ခံတွေ့ဆုံ ဆွေးနွေးသည့်သတင်း

နေပြည်တော်၊၈-၁၀-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mrs. Alessandra Schiavo နှင့် အဖွဲ့အား ၈-၁၀-၂၀၁၈ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေနှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း တို့တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ မိရိုးဖလာ နည်းလမ်းများ အဆင့်မြှင့်တင်ရေး၊ အချောထည်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်မည့်အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ ပညာပေးဟောပြောခြင်း လုပ်ငန်းများ၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် နားလည်မှုစာချွှန်လွှာ (MOU) ရေးထိုးဆောင်ရွက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)