ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးနှင့် သုတေသနလုပ်ငန်းများအောင်မြင်ရေးကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် - ချောင်းနက်-တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက်ရှိ စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေ အနေ၊ သဘာဝတောထိန်းသိမ်းဆောင်ရွက်မှုနှင့် သစ်တောသုတေသနဌာနက ဆောင်ရွက်လျှက် ရှိသည့် သုတေသနစမ်းသပ်ကွက်များ အားကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် သစ်တောသုတေသနဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်-ချောင်းနက်-တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်း၊ မိုင်တိုင်အမှတ်(၄၀)ရှိ လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်အမှတ်(၅၅)ရှိ ၁/၂၀၁၈ စီးပွားရေး(ကျွန်း)စိုက်ခင်း (၁၅၀)ဧကအား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက စိုက်ပင်များရောဂါပိုးမွှား ကျရောက်မှုမရှိစေရေး အမြဲမပြတ်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်၊ ရောဂါပိုးမွှားကျရောက်မှုရှိပါက ဦးစွာအမျိုးအစားခွဲခြားရန်နှင့် အခြား စိုက်ပင်များအား ကူးစက်ပြန့်ပွားမှု မရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ စိုက်ခင်းအတွင်းရှိ နုန်းထိန်းတမံများအား ပွင်းလင်းရာသီ၌ ပြန်လည်ပြင်ဆင်ထားရှိရန်၊ နုန်းထိန်းတမံရှိ နုန်းများပေါ် တွင် ဗက်တီဘာမြက်ကဲ့သို ဇီဝခြံစည်းရိုးပင်များ စိုက်ပျိုးဆောင်ရွက်ရန်၊ နုန်းထိန်းတမံ ငယ်များကို လျှောစောက်နှင့် မြောင်းငယ်များ၌ လိုအပ်ချက်ပေါ်မူတည်၍ ထပ်မံဖြည့်စွက် ဆောင်ရွက်ရန်၊ လာမည့်မိုးရာသီတွင် စိုက်ခင်းမျက်နှာစာ တစ်လျှာက် စိုက်ခင်းခြံစည်းရိုးသဖွယ် ပျဉ်းကတိုး ပင်များအား စိုက်ပျိုးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာ၍ ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်အမှတ် ၇၆ တွင် စိုက်ပျိုးထားရှိသည် စီးပွားရေး(ကျွန်း)စိုက်ခင်း (၁၀၀)ဧက အားကြည့်ရှု စစ်ဆေး၍ စီးပွားရေး စိုက်ခင်းများဖြစ်သည့်အားလျှော်စွာ စီးပွားရေးအကျိုးအမြတ်ရရှိစေရန်အတွက် စိုက်ခင်းရှင်သန် ကြီးထွားမှုကောင်းစေရေး အလေးထားပြုစုဆောင်ရွက်ရန်၊ စိုက်ခင်းရှင်သန်မှု ရာခိုင်နှုန်း ကျဆင်းမှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်ခင်းမျက်နှာစာတစ်လျှောက် ပျဉ်းကတိုးပင်များအား ခြံစည်းရိုးအဖြစ် စိုက်ပျိုးဆောင်ရွက်ရန် တို့ကိုဆွေးနွေးမှာကြာသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက် အမှတ် (၇၈)ရှိ ၂၀၁၂ ခုနှစ်၊ စီးပွားရေး(ကျွန်း)စိုက်ခင်း ပင်ကျပ် နုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စု ဝန်ကြီးက ပင်ကျပ်နုတ် ခြင်းလုပ်ငန်းသည် စိုက်ခင်းတစ်ခုရှင်သန်ကြီးထွားမှု အောင်မြင်စေရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်၍ ဆောင်ရွက်မှုနည်းလမ်း အပင် ရွေးချယ်မှုများ မှားယွင်းမှုမရှိစေရေး အလွန် အရေးကြီးကြောင်း၊ ပင်ကျပ်နုတ်ခြင်းလုပ်ငန်းကို ညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြား ရေးမှူးတို့က ဦးစွာလက်တွေ့ဆောင်ရွက်ပြသ၍ ဦးစီးအရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင် ရွက်ရန်၊ ပင်ကျပ်မနုတ်မီတောအခြေအနေနှင့် ပင်ကျပ်နုတ်ပြီး တောအခြေအနေကို မှတ်တမ်းထားရှိ ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောသုတေသနဌာန၊ မိုးစွေ သုတေသနစခန်းရှိ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၊ အမြဲတမ်း ပျိုးဥယျာဉ် ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၇၂)ရှိ ၁၉၇၉ ခုနှစ်၊ သစ်မျိုးစုံ စမ်းသပ်ကွက်၊ ၁၉၈၂ ခုနှစ်၊ သစ်မျိုးစုံစမ်းသပ်ကွက်နှင့် ၁၉၈၀ ခုနှစ် ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက်များအား ကြည့်ရှုစစ်ဆေးသည်။ သုတေသနရလာဒ်များ တိကျမှန်ကန်မှုရှိစေရေး အတွက် စမ်းသပ်ကွက်တစ်ခုချင်းအလိုက် သုတေသနရည်မှန်းချက်၊ သုတေသနပြု ဆောင်ရွက်မှု အခြေအနေနှင့် ကောက်ယူရရှိသည့် အချက်အလက်များနှင့် သုတေသနရလာဒ်များအား စနစ်တကျ မှတ်တမ်းတင်ထားရှိရန်တို့ကို ဆွေးနွေးမှာကြားသည်။ ၎င်းနောက် သစ်တောဦးစီးဌာနက ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် သစ်တောသုတေသနဌာနက သုတေသနပြု ဆောင်ရွက်နိုင် ရေးအတွက်  ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်  ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်