ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ သစ်စေ့ ထုတ်ဧရိယာနှင့် ငလိုက် ဆင်ထိန်းသိမ်းစောင်ရှောက်ရေး စခန်းအတွင်း ရွက်အုပ်ဖြတ် လျှောက်လမ်း (Canopy Walk) တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက် နေ့တွင် မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ သစ်တောဦးစီးဌာန သစ်စေ့ထုတ် ဧရိယာနှင့် ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင်ရှောက်ရေး စခန်းအတွင်း ဆောင်ရွက်လျှက်ရှိသည့် ရွက်အုပ်ဖြတ်လျှောက်လမ်း (Canopy Walk) တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး သည်။
နံနက်ပိုင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် (၁)၊ နန်ချွန်သို့ ရောက်ရှိရာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်တင်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ၊ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ ပို့ချလျက်ရှိသောဘာသာရပ်များ၊ သင်တန်းဝန်းအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်မှုများကို တင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများသည် ရေတိုသင်တန်းများဖြစ်သည့်အတွက် သင်တန်းသားများအား အချိန်တိုအတွင်း ထိထိရောက်ရောက် ပြည့်ပြည့်စုံစုံဖြစ်အောင် သင်ကြားပေး နိုင်ရေး စီမံဆောင်ရွက်ထားရန် အရေးကြီးကြောင်း၊ သင်တန်းသားများသည် ဌာနတွင်းလုပ်ငန်း ဆောင်ရွက်နေသူများဖြစ်၍ သင်ခန်းစာများသည် အသစ်အဆန်းမဟုတ်သော်လည်း သင်တန်းပို့ချမှု များအား သေသေချာချာ လိုက်နာမှတ်သား၍ ခေတ်မှီနည်းပညာများကို ပေါင်းစပ်အသုံးချတတ်ရန် လိုအပ်ကြောင်း၊ ဝါးစိုက်ခင်းများသည် ရေတိုကာလအတွင်း လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်သည့် အတွက် ဝါးစိုက်ခင်းတည်ထောင်ခြင်းနှင့် လူမှုအသုံးအဆောင်များ ပြုလုပ်အသုံးပြုမှု အဆင့်ဆင့်ကို လက်တွေ့ပေါင်းစပ်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ဆင်ဦးစီးများအနေဖြင့် လည်း မိမိကိုင်တွယ်ရသည့် တိရစ္ဆာန်များအပေါ် သနားကြင်နာစွာဖြင့် မေတ္တာအပြည့်အဝ ထား၍ လူနှင့် ဆင်ပဋိပက္ခမဖြစ်စေဘဲ သဟဇာတဖြစ်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ သင်တန်းဆရာများ က လည်း သင်ခန်းစာများကို အချိန်တိုအတွင်း ထိထိရောက်ရောက် ဖြစ်အောင်ပို့ချမှုသာမက သင်တန်း သားများ၏ လိုအပ်ချက်များကို ပံ့ပိုးစီမံဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ သင်တန်းသားများ ကလည်း သင်ခန်းစာပို့ချမှုအပေါ် အာရုံစူးစိုက်ကြိုးစားသင် ယူမှုအပြင် သင်တန်းဆရာများအပေါ် လေးလေးစားစားဆက်ဆံကြရန် မှာကြားခဲ့ကြောင်းသိရ သည်။
အဆိုပါသင်တန်းကျောင်းကို မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် ဆိုးကျိုး သက်ရောက်မှုနည်းနိုင်သမျှ နည်းစေရန်၊ ရေရှည်တည်တံ့သော သစ်​တောစီမံ အုပ်ချုပ်မှုကို အထောက် အကူဖြစ်စေရန်နှင့် သစ်တောသယံဇာတများကို စနစ်တကျထုတ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စနစ်တကျခွဲစိပ်ခြင်း၊ အဆင့်တန်းမီ ကုန်ချောထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ၌ ကျွမ်းကျင်သူ များကို အချိန်တိုအတွင်း လေ့ကျင်သင်ကြား ပို့ချနိုင်ရန် ရည်ရွယ်၍ ၁၉၈၅-၈၆ ဘဏ္ဍာရေးနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အထိသစ်ထုတ်လုပ်ခြင်း သင်တန်း၊ဆင်အုပ်၊ဆင်ခေါင်း မွမ်းမံသင်တန်း၊ ဆင်များထိန်းသိမ်း စောင့်ရှောက်ခြင်း သင်တန်း၊ တိရစ္ဆာန်ဆေးကု မွမ်းမံသင်တန်း အစရှိသည့် သင်တန်း(၃၂၃) ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၅၉၄၈) ဦး သင်ကြားပို့ချနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ စိုင်းရ ကြိုးဝိုင်း၊ အကွက် (၇၆) အတွင်းရှိ ၂၀၁၇ ခုနှစ်၊ ကျွန်း​သစ်​​စေ့ထုတ် ဧရိယာ (၁၅) ဧကကို ရောက်ရှိ စစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက ကျွန်းပင်များတရားမဝင် ခိုးယူခုတ်လှဲမှုမဖြစ် စေရေးအလေးထား ထိန်းသိမ်းဆောင်ရွက်ရန်၊ မူလစိုက်ခင်းဧရိယာအား ကွင်းနင်းစစ်ဆေး၍ ပင်ပူးခွာကိုင်းချိုင် လုပ်ငန်း များဆောင်ရွက်ကာ စိုက်ခင်းဆယ်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ သစ်စေ့စုရာသီ၌ ကျွန်းစေ့များ အား စနစ်တကျ စုဆောင်း၍ မှတ်တမ်းတင် ထားရှိဆောင်ရွက် ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ၍ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၇၈)အတွင်းရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင် ရှောက်ရေးစခန်းအတွင်း ဆောင်ရွက်လျက်ရှိသည့် ရွက်အုပ်ဖြတ်လျှောက်လမ်း (Canopy Walk) တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ တည်ဆောက်ရေး လုပ်ငန်းရှင်းလင်းဆောင် တွင် မြန်မာ့သစ်လုပ်ငန်း၊ ဒု-အထွေထွေမန်နေဂျာ ဦးစိုးနိုင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စု ဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများကို ဖွင့်ပွဲကျင်းပမည့် တန်ဆောင်မုန်းလပြည့်နေအမီ အချိန် မီပြီးစီးရေး လုပ်ငန်းအလိုက် အဖွဲ့ခွဲဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းကြံခိုင်မှုကို စစ်ဆေး ကြပ်မတ် ဆောင်ရွက်ရန်၊ အသိပေးဆိုင်းဘုတ် များစိုက်ထူထားရှိရန်၊ အပန်းဖြေ လာရောက်လည် ပတ်ကြသည့် ပြည်သူများ ဘေးအန္တရာယ် မရှိစေရေး ဦးစားပေးဆောင်ရွက်ရန်၊ သန့်ရှင်းသပ်ယပ်မှု ရှိစေရန်နှင့် အမှိုက်များကိုစနစ်တကျ စွန့်ပစ်ရန်တို့ကို ဆွေးနွေးမှာကြားသည်။ ရွက်အုပ်ဖြတ်လျှောက် လမ်း (Canopy Walk) ကို လာရောက်လည်ပတ်ကြသည့် ပြည်သူများ အပန်းဖြေလမ်းလျှောက် နိုင်ရန်နှင့် သစ်ပင်ရွက်အုပ် များအားအပေါ်စီးမှ အနီးကပ် လေ့လာနိုင်ရန်အတွက် ရည်ရွယ်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံးနေရာမှာ ၄၃ ပေရှိ ကြောင်း သိရသည်။
နေ့လည်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြန်မာ့သစ် လုပ်ငန်းသင်တန်းကျောင်းအမှတ်(၂) အားကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ ဦးမြင့်ဌေးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဖွင့်လှစ်ပို့ချ လျက်ရှိသည့် သင်တန်းများ၊ သင်ကြားပို့ချမှုအစီအစဉ်များနှင့် သင်တန်းကျောင်းဝင်းအတွင်း ဝါးစိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေ အနေကိုတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကျောင်းသည် ယာဉ် ယန္တရားနှင့် စက်ကိရိယာများ ကိုင်တွယ်သုံးစွဲခြင်း သင်တန်းဖြစ်၍ အရေးပါသည့် သင်တန်း တစ်ခု ဖြစ်ပါကြောင်း၊ ဌာနတွင်း ယာဉ်ယန္တရားနှင့် စက်ကိရိယာအသစ်များ သုံးစွဲခြင်းများရှိသကဲ့သို့ အဟောင်းများကို ပြင်ဆင်သုံးစွဲနေရမှုများရှိ၍ ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ စိတ်စေတနာကောင်းရှိမှုတို့မှာ အလွန်အရေး ကြီးပါကြောင်း၊ သင်တန်းသားများ ကျန်းမာရေး ဂရုစိုက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် မရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အချိန်တိုသင်တန်း ဖြစ်၍ သင်တန်းသားများ၏ စိတ်နေစိတ်ထားမှအစ ပညာရပ်ပိုင်း ကျွမ်းကျင်မှု အထိ မွမ်းမံတည့်မတ် ပညာပေးပို့ချရန်၊ သင်တန်းပြီးဆုံးပါက ကျွမ်းကျင်မှုရှိ/မရှိ ပြန်လည်စစ်ဆေး ရန် တို့ကို ​ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။