ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကိုရီးယားသမ္မတနိုင်ငံ၊ Jung Ho E & C ကုမ္ပဏီ မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၅-၉-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကိုရီးယားသမ္မတနိုင်ငံ၊ Jung Ho E & C ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Yang Tae Young နှင့်အဖွဲ့မှ ယနေ့ ၅-၉-၂၀၁၉ ရက်နေ့၊ ၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း တက်ရောက်သည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် စွန့်ပစ်ပစ္စည်းဆိုင်ရာ မူဝါဒများ၊ မြို့ကြီးများအလိုက် စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာအခြေအနေများ၊ မြေမြှုပ်စွန့်ပစ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်မှ စွမ်းအင်ထုတ်ယူခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ရန်ပုံငွေအကူအညီရယူ၍ pilot project အဆင့်မှ ကာလရှည်ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းစီမံကိန်းအလားအလာများ၊ စွမ်းအင်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့အတွက် လုပ်ငန်းစီမံကိန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။