ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား ရန်ကုန်မြို့၊ ဖင်လန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Ms. Riikka Laatu လာရောက် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၂-၉-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ဖင်လန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Ms. Riikka Laatu အား ယနေ့ ၁၂-၉-၂၀၁၉ ရက်နေ့၊ (၁၅:၃၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ သစ်တောသယံဇာတစာရင်း ကောက်ယူခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် နိုင်ငံအဆင့်သစ်တောစောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက်အလက်စနစ်တည်ထောင်ခြင်းလုပ်ငန်း စီမံကိန်းသဘောတူညီချက် လက်မှတ်ရေးထိုးရန်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရေဖြန့်ဝေမှု၊ ရေသန့်စင်မှု၊ ရေအရည်အသွေးကြီးကြပ်ထိန်းချုပ်မှုဆိုင်ရာ စီမံအုပ်ချုပ်သည့်အဖွဲ့အစည်းများ၊ စွန့်ပစ်အမှိုက်ဆိုင်ရာစံသတ်မှတ်ချက်များ၊ စည်းမျဉ်းများနှင့် အကောင်အထည်ဖော်သည့်ဌာနများ၊ အမှိုက်မှစွမ်းအင်ထုတ်လုပ်နိုင်မည့် အလားအလာများ၊ အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာရေးဆွဲပြုစုဆောင်ရွက်မည့် အစီအစဉ်များ၊ လေအရည်အသွေးတိုင်းတာခြင်း၊ မီးခိုးမြူ ဖြစ်ပေါ်ခြင်းတို့နှင့်ပတ်သက်၍ တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်မှုနှင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ လေအရည်အသွေးတိုင်းတာရေး အစီအစဉ်များ၊ အစိမ်းရောင်စီးပွာရေးမူဝါဒ၊ မူဘောင်အား အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။