ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Saurabh Kumar လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၉-၉-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Saurabh Kumar အား ယနေ့၁၉-၉-၂၀၁၉ရက်နေ့၊ (၁၀:၀၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သဘာဝဘေးဒဏ်ခံ အဆောက်အအုံဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး (Coalition for Disaster Resilient Infrastructure-CDRI) အဖွဲ့အစည်းတည်ထောင်နိုင်ရန် အဖွဲ့ဝင်များသတ်မှတ်နိုင်ရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ CDRI အကောင်အထည်ဖော်လည်ပတ်နိုင်ရေးအတွက် Secretariat Fund၊ Trust Fund တည်ထောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု တားဆီးခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။