စီမံကိန်းညှိနှိုင်းရေးမှူး (Project Coordinator) (၁) ဦးနှင့် စီမံကိန်းလက်ထောက်ညှိနှိုင်းရေးမှူး (Project Assistant Coordinator) (၁) ဦး ခေါ်ယူခန့်ထားရန်လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် UN Environment တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ မီနာမားတား ကနဦးဆန်းစစ်ချက်နှင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ အတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဖွံ့ဖြိုးရေးဆိုင်ရာ” (Development of Minamata Initial Assessment and National Action Plan for Artisanal and Small Scale Gold Mining in Myanmar)” စီမံကိန်းတွင် စီမံကိန်းညှိနှိုင်းရေးမှူး (Project Coordinator) (၁) ဦးနှင့် စီမံကိန်းလက်ထောက်ညှိနှိုင်းရေးမှူး (Project Assistant Coordinator) (၁) ဦး ခေါ်ယူခန့်ထားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂။ အဆိုပါ စီမံကိန်းကာလမှာ (၂) နှစ်ဖြစ်ပြီး စီမံကိန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်၊ အသေးစိတ်အချက်အလက်များနှင့်အတူ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

(က) သတ်မှတ်အရည်အချင်း (စီမံကိန်းညှိနှိုင်းရေးမှူး)

(၁) Chemicals Management, Waste Management, Environmental Science/ Engineering, Pollution control, Public Health (သို့မဟုတ်) ဆက်စပ် နယ်ပယ်များတွင် Master ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(၂) သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၅)နှစ် ရှိပြီးသူ ဖြစ်ရမည်။

(၃) စီမံကိန်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းသဘောတရား လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ရမည်။

(၄) နယ်ပယ်ပေါင်းစုံပါဝင်သော (သို့မဟုတ်) နိုင်ငံတကာအဖွဲ့အစည်း အကူအညီများနှင့် လုပ်ကိုင်ဆောင်ရွက်ဖူးသော အတွေ့အကြုံရှိသူ ဖြစ်ရမည်။

(၅) အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သူ ဖြစ်ရမည်။

(၆) စီမံခန့်ခွဲမှုနည်းစနစ်များ ဆောင်ရွက်မှုတွင် ဦးဆောင်လုပ်ကိုင်နိုင်သူ၊ အသိပညာ ဗဟုသုတကောင်းများရှိသူ၊ ကွန်ပျူတာနှင့် Office Software Packagesများ၊ Social Media အသုံးပြုမှုတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။

(၇) UNEP၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သက်ဆိုင်ရာအစိုးရဌာနများ၊ စီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် Team Work လုပ်ကိုင်နိုင်စွမ်းရည် ရှိသူ ဖြစ်ရမည်။

(၈) ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။

(၉) အစိုးရဝန်ထမ်း မဟုတ်သူ ဖြစ်ရမည်။ (၁၀) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

(၁၁) ပြည်တွင်း ခရီးသွားလာနိုင်သူ ဖြစ်ရမည်။

(၁၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

( ခ ) သတ်မှတ်အရည်အချင်း (စီမံကိန်းလက်ထောက်ညှိနှိုင်းရေးမှူး)

(၁) ပတ်ဝန်းကျင်နှင့်သက်ဆိုင်သော ဘာသာရပ်တစ်ခုခုတွင် ဘွဲ့ရရှိသူ သို့မဟုတ် စာရင်းအင်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့်သက်ဆိုင်သော ဘာသာရပ်တစ်ခုခုတွင် ဘွဲ့ရရှိသူဖြစ်ရမည်။

(၂) သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။

(၃) စီမံကိန်းနှင့်သက်ဆိုင်သည့် ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(၄) အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သူ ဖြစ်ရမည်။

(၅) ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ဦးဆောင်လုပ်ကိုင်နိုင်သူ၊ ကွန်ပျူတာနှင့် Office Software Packages များနှင့် Social Media အသုံးပြုမှုတွင် အတွေ့အကြုံရှိသူဖြစ်ရမည်။

(၇) UNEP၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သက်ဆိုင်ရာအစိုးရဌာနများ၊ စီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် Team Work လုပ်ကိုင်နိုင်သော စွမ်းရည်ရှိသူဖြစ်ရမည်။

(၈) ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။

(၉) အစိုးရဝန်ထမ်း မဟုတ်သူ ဖြစ်ရမည်။

(၁၀) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

(၁၁) ပြည်တွင်း ခရီးသွားလာနိုင်သူ ဖြစ်ရမည်။

(၁၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၃)၊ နေပြည်တော်

၄။ တာဝန်ထမ်းဆောင်ရမည့်ကာလ (၂) နှစ် (၆ လ တစ်ကြိမ် စာချုပ် ချုပ်ဆိုသွားမည်)

၅။ လစာ - ညှိနှိုင်းသွားမည်။

၆။ ဆက်သွယ်ရန်လိပ်စာ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော် ဖုန်း ၀၆၇ ၃၄၃၁၅၆၃ E mail pcd.ecd.mm@gmail.com