သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်)

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ၂၀၂၁ မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိသော နှစ်ပေနှင့်အထက်ပျိုးပင် ၂၀၀၀၀ အပါအဝင် သစ်မျိုးစုံပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ သစ်တောဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးကျွန်းစိုက်ခင်း ၄၄၁၀ ဧက၊ ကျေးရွာသုံးထင်းစိုက်ခင်း ၄၀၀ ဧက၊ ရေဝေရေလဲစိုက်ခင်း ၅၀ ဧကနှင့် မိုးရာသီလူထုဖြန့်ပျိုးပင် ၁၄ သိန်း လျာထားဆောင်ရွက် လျှက်ရှိသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၀၁ရှိ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းအများနှင့်ဆိုင်သောကုမ္ပဏီ လီမိတက်က တည်ထောင်စိုက်ပျိုးထားသော ၂၀၀၉ ခုနှစ်၊ ကျွန်းစိုက်ခင်း ၃၀၀ ဧကသို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။