သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တန့်ကြည့်တောင်အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းဧရိယာ အတွင်း နှစ်အလိုက်တည်ထောင်စိုက်ပျိုးခဲ့သော တစ်အုပ်တစ်မစိုက်ခင်းနှင့် အထူးစိမ်းစိုက်ခင်းများ၏ အောင်မြင်ရှင်သန်နေသည့်အခြေအနေများ၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် အထူးစိမ်း စိုက်ခင်းများ၏ မြေကျင်းတူးပြီး စိုက်ရန်အသင့်ဖြစ်နေသည့်ခြေအနေများ၊ စိုက်ခင်းများအား ရေလောင်း စိုက်ပျိုးရန် ကွန်တိုမြောင်းများတွင် ရေပိုက်သွယ်တန်းထားရှိမှုနှင့် မြစ်ရေတင် ပြင်ဆင် ဆောင်ရွက်မှု အခြေအနေများ၊ သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ထားမှု အခြေအနေများ၊ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များအား ယောချောင်းမှရေတင်၍ ပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်ပင်ကန် အမြဲတမ်းပျိုးဉယျာဉ်ရှိ ပျိုးပင် ၁၃၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ သံဘိုကျေးရွာရှိ အိမ်ခြေ ၁၀၅ အိမ်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တစ်အိမ်လျှင် ဂါလန် ၂၀၀ ဆန့် ကွန်ကရစ်မိုးရေစုကန်နှင့် ရေတံလျှောက် တည်ဆောက် တပ်ဆင်ပံ့ပိုးထားမှုနှင့် သုံးစွဲနေမှုအခြေအနေများ၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဝေပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရပ်မိရပ်ဖ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်း ဖြည့်ဆည်းပေးသည်။