မြေတိုင်းဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြေတိုင်းဦးစီးဌာန

အလုပ်လျှောက်လွှာခေါ်ယူခြင်း

 

၁။      မြေတိုင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

 

 

စဉ်

 

ရာထူးအမည်

ပညာအရည်အချင်း

ခန့်ထားမည့်ဦးရေ

(က)

စာရင်းကိုင်(၄)

ဘွဲ့ရ

 (၂) ဦး

( ခ )

အငယ်တန်းစာရေး

ဘွဲ့ရ

 (၂) ဦး

( ဂ )

ယာဉ်မောင်း(၅)

အခြေခံပညာမူလတန်းအောင်

 (၃) ဦး

(ဃ)

အစောင့်

အခြေခံပညာမူလတန်းအောင်

 (၃) ဦး

(င)

သန့်ရှင်းရေးအကူ

အခြေခံပညာမူလတန်းအောင်

 (၂)  ဦး

(စ)

လုပ်သား(ကွင်း)

အခြေခံပညာမူလတန်းအောင်

 (၁၅) ဦး

(ဆ)

လုပ်သား(စက်)

အခြေခံပညာမူလတန်းအောင်

 (၄) ဦး

 

၂။       လျှောက်လွှာပုံစံအား (http://www.surveydepartment.gov.mm/tender/878) တွင် download ရယူနိုင်သည်။

၃။      လျှောက်လွှာနှင့်အတူ

 

(က)    အမှတ်စဉ်(က)၊(ခ)ရာထူးများအတွက် ဘွဲ့လက်မှတ်မိတ္တူနှင့် အသက်အထောက်အထား အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ

 

( ခ )   အမှတ်စဉ်(ဂ)ရာထူးအတွက် ယာဉ်မောင်းလိုင်စင်မိတ္တူနှင့် ပညာအရည်အချင်း အထောက်အထားမိတ္တူ

 

( ဂ )   အမှတ်စဉ်(ဃ)၊(င)၊(စ)၊(ဆ)ရာထူးများအတွက် ပညာအရည်အချင်း အထောက်အထား မိတ္တူ

 

(ဃ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက် မူရင်း

 

(င)     အလုပ်သမားမှတ်ပုံတင်မူရင်းတို့ပူးတွဲပါရှိရမည်။

 

 

၄။      လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၂၅ ) ရက်နေ့ နောက်ဆုံးထား၍ မြေတိုင်းဦးစီးဌာန (နေပြည်တော်)၊ (ရန်ကုန်မြို့)၊ (ပြင်ဦးလွင်မြို့) များသို့ ရုံးချိန်အတွင်းအရောက် ပေးပို့ရပါမည်။ ယခင်လျှောက်လွှာတင်ထားပြီးသူများသည် ယခုဖော်ပြထားသည့် လျှောက်လွှာပုံစံအသစ်ဖြင့် ထပ်မံ တင်သွင်းရန်လိုအပ်ပါသည်။ မြေတိုင်းဦးစီးဌာနတွင် နေ့စားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် နေသူများလည်း ယခုပုံစံဖြင့် လျှောက်ထားရပါမည်။