သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ ဝန်ထမ်းများပျော်ရွှင်စွာပါဝင်ဆင်နွှဲ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်မှုကို လှည်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာ‌ဖွေရေးဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လည်းကောင်း၊ ဒုတိယဆုရရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးထွန်းအုံက လည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်း အသင်းအား ဒုတိယဝန်ကြီး ဦးမင်းသူက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများအား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။