ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ (တည်ဆောက်ရေး)အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

(ရုံးအမှတ်-၂၈)၊ နေပြည်တော်

တည်ဆောက်ရေး (ပြင်ဆင်ထိန်းသိမ်းခြင်း) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေး (ပြင်ထိန်းသိမ်းခြင်း) လုပ်ငန်းများဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်-

          (က)    ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)ရှိ ကျွန်း‌ရွှေဝါခန်းမ၏ ကြမ်းခင်း(၆၀’x၇၂’) ကြွေပြားများအသစ်လဲခင်းပြုပြင်ခြင်း

          (ခ)     ဝန်ကြီးရုံးအဆောက်အဦရှေ့မျက်နှာစာနံရံများ (၈၇၇၆.၀၄ စ/ပ) ရေဆေးသုတ်ခြင်း နှင့် ကျွန်းရွှေဝါ ခန်းမတံခါးရွက်များ (၅၈၇.၇၇ စ/ပ) ဆီဆေးသုတ်ပြုပြင်ခြင်း

၂။       တင်ဒါလျှောက်လွှာများနှင့် ပတ်သက်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပါမည်-

          (က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်နေ့ရက်နှင့်အချိန်               -     ၆-၇-၂၀၂၃ ရက်၊ နံနက်(၁၀း၀၀)နာရီ                 

          (ခ)   တင်ဒါလျှောက်လွှာ အရောင်းပိတ်မည့် နေ့ရက်နှင့်အချိန်               -     ၁၃-၇-၂၀၂၃ ရက်၊ နံနက်(၁၀း၀၀)နာရီ                  

          (ဂ)   တင်ဒါလျှောက်လွှာ နောက်ဆုံး တင်သွင်မည့်နေ့ရက်နှင့် အချိန်း     -     ၁၃-၇-၂၀၂၃ ရက်၊ (၁၆း၀၀)နာရီ                 

          (ဃ) တင်ဒါလျှောက်လွှာ ဝယ်ယူတင်သွင်းရမည့်နေရာ                         -    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊                                                                                              

                                                                                                                 ရုံးအမှတ်(၂၈)၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ

          (င)   တင်ဒါဖွင့်မည့်ရက်                                -    ဆက်သွယ်အကြောင်းကြားပါမည်။   

          (စ)   အသေးစိတ်သိရှိလိုပါ ဆက်သွယ်ရန်ဖုန်း    -    ၀၆၇ ၄၀၅၁၃၈၊ ၀၆၇ ၄၀၅၀၀၇

၃။      တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁)စုံလျှင် ၅၀၀၀/-(ကျပ်ငါးထောင်တိတိ)ဖြင့် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါကြောင်း အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၂၈)သို့ တယ်လီဖုန်းဖြင့် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ (တည်ဆောက်ရေး)အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စဉ်

အကြောင်းအရာ

အရေ

အတွက်

 
 

 

ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း

 

 

၁။

ကျွန်း‌ရွှေဝါခန်းမ၏ ကြမ်းခင်း(၆၀’x၇၂’) ကြွေပြားများအသစ်လဲ လှယ်အသစ်ခင်းပြုပြင်ခြင်း

 

၂။

ဝန်ကြီးရုံးရှေ့မျက်နှာစာနံရံများ (၈၇၇၆.၀၄ စ/ပ) ရေဆေးသုတ်ခြင်း နှင့်ကျွန်းရွှေဝါ ခန်းမတံခါးရွက်များ (၅၈၇.၇၇ စ/ပ) ဆီဆေးသုတ် ပြုပြင်ခြင်း