၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း  အကွက်အမှတ် (၁၄) အတွင်း ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂၀၄  မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်း ဝဲယာ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

          အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ညှိနိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ  နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်းများ၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

          ထို့နောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ခင်းကျင်းပြသထားသည့် သစ်ပင်များ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ သစ်ကိုင်းဖျားသုံး နှုန်းထိန်းတမံများ ပြုလုပ်ခြင်း၊ ပေါ်လိုနီးယားသစ်မျိုး နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကြီးမြန်သစ်ပင် မာလာလူးကားသစ်မျိုး စိုက်ခင်းတည်ထောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၃)မျိုး၊ အပင်အရေအတွက် (၂၂၂၀)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။

          ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏  သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ(FRA)အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏  ၅၁.၅၄%

၂၀၁၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏  ၄၆.၉၆ %

၂၀၂၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏  ၄၂.၁၉ %  ရှိပါသည်။

          အမျိုးသားသစ်တောကဏ္ဍ ရည်မှန်းချက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ % ကို သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းရေးနှင့် နိုင်ငံဧရိယာ၏ ၁၀ % ကို  သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

(သစ်တောသစ်ပင်ချင်ခင်တဲ့လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး)