သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်-၂၈)၏ (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး(ရုံးအမှတ်-၂၈) ၏  (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၈.၇.၂၀၂၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး(ရုံးအမှတ်-၂၈)ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ် သည်။

      အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်မှ ဦးစီးပဓာန နာယကဆရာတော်   အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒနှင့်  ပင့်ဖိတ်ထားသည့်သံဃာတော်များကြွရောက် တော်မူကြပြီး ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

      အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကြွရောက်လာသူအ‌ပေါင်းမှ ငါးပါးသီလဆောက်တည်ခံယူခြင်း၊ ပရိတ်တရားတော်များကို အတူတကွ နာယူကြပြီးနောက် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုနှင့်  ဆွမ်း၊ ခဲဖွယ် တို့ကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။