သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဦးစီးဌာနတွင် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုများကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဉီးစီးဌာန၊ ဦးစီးရုံးချုပ် နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအားကစား လှုပ်ရှားမှုများကို ၁၂-၁၂-၂၀၂၃ ရက်‌နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ အားကစားနည်းများဖြစ်သည့် ကျား/မ လွန်ဆွဲပွဲ၊ ကျား ပိုက်ကျော်ခြင်း၊ ကျား စားပွဲတင် တင်းနစ် ၊ မထုတ်စည်းတိုး ပြိုင်ပွဲများအား ဝန်ထမ်းမိသားစုများ တပျော်တပါး ပျော်ရွှင်စွာ ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်းများကို ၂၉-၁၂-၂၀၂၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါသည်။