စောင့်ကြည့်အကဲဖြတ်ခြင်းသင်တန်း (Monitoring and Evaluation Training) ဖွင့်ပွဲအခမ်းအနားကျင်းပ

    အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော "ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင် အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်း" "The Project of CCC Program of Activities for Distribution of Improved Cook Stoves in Developing South and Southeast Asian Countries (Myanmar)" ၏ စောင့်ကြည့်အကဲဖြတ်ခြင်းသင်တန်း (Monitoring and Evaluation Training) အား (၁၅-၁-၂၀၂၄) မှ (၁၆-၁-၂၀၂၄) ရက်နေ့တွင် ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၌ စီမံကိန်းခရိုင်(၆)ခရိုင်မှ အရာထမ်း/အမှုထမ်း သင်တန်းသား(၄၈)ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

       သင်တန်းတွင် စီမံကိန်းတတိယနှစ်နှင့်စီမံကိန်းစတုတ္ထနှစ်ကာလအတွင်း ဖြန့်ဝေထား သည့် Batch-A နှင့် Batch-B စွမ်းအားမြှင့်မီးဖို အသုံးပြုမှုမှတ်တမ်းများကောက်ယူရာ တွင် လိုက်နာရမည့် အချက်များ၊ စွမ်းအားမြှင့် မီးဖိုအသုံးပြုမှုမှတ်တမ်းများ ဖြည့်သွင်းရမည့် ပုံစံများ၊ CPA ခရိုင်အတွင်းရှိ မြို့နယ် (၁)ခုချင်းအလိုက် စောင့်ကြည့် အကဲဖြတ်ခြင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခရိုင်စောင့်ကြည့်အကဲဖြတ်ခြင်း အစီရင်ခံစာ (M&E Report) တွင် ပါဝင်သင့်သည့် အချက်များနှင့် ခရိုင်တစ်ခုချင်း အလိုက် စောင့်ကြည့်အကဲဖြတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ (M&E Workshop) တွင် ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များအကြောင်း တင်ပြဆွေးနွေးခြင်းနှင့်အုပ်စုအလိုက် ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။