သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဖော်ဆောင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

     ၂၃-၁-၂၀၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော တိုင်းဒေသကြီးအဆင့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ပေးနိုင်ရေးအတွက် သရက်ခရိုင်အတွင်း ခရိုင်အဆင့်အမှတ်အများဆုံး ရရှိခဲ့ကြသည့် ကံမမြို့နယ်ရှိ အ.ထ.က(ခွဲ) ခြောက်ပင်နှင့် အ.မ.က(အုတ်ရှစ်ကုန်း) ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။