နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းဗဟိုကော်မတီ အတွင်းရေးမှူး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

     နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီအစည်းအဝေးများ၏ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်းအစီအစဉ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးရန်နှင့် သက်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို  တင်ပြဆွေးနွေးကြပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့်အညီ ပင်လယ်ကမ်းရိုးတန်းကော်မတီများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုအခြေအနေများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူးများမှ ဆွေးနွေးခဲ့ကြပါသည်။