သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သစ်တောဦးစီးဌာန၏ သစ်တောလုပ်ငန်းများကွင်းဆင်းစစ်ဆေး

    ၂၇-၁-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဒက္ခိဏသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊၊ အကွက် (၇၇) ရှိ ၂/၂၀၂၂၊ ရေဝေရေလဲစိုက်ခင်း (၅၀) ဧက ရှင်သန်အောင်မြင်မှုအခြေအနေများအားလည်းကောင်း၊  ဥတ္တရသီရိမြို့နယ်၊ ငလိုက်ပျိုးဥယျာဥ်အတွင်း ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီအတွင်း နိုင်ငံတော်အဆင့်၊ သစ်ပင်စိုက်ပျိုးပွဲဖြင့် စိုက်ပျိုးထားရှိသည့် စိုက်ကွက်များ၏ ရှင်သန်အောင်မြင်မှုအခြေအနေများနှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ၊ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာရှင်းလင်းခြင်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။